ကျောက်တော် ဇန်နဝါရီ ၁၃
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်သို့ ရေနယားသင်္ဘောခရီးစဉ်အား အပတ်စဉ် အင်္ဂါနေ့နှင့် သောကြာနေ့များတွင် ပုံမှန်ပြေးဆွဲပေးခြင်းအား ပုံမှန်ပြေးဆွဲပေးလျက်ရှိရာ အများပြည်သူခရီးသွားလာရေးနှင့် ကုန်စည်သယ်ယူပို့ဆောင်ရေးတို့အတွက် အဆင်ပြေချောမွေ့စွာ စတင်ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ရေနယားသင်္ဘောခရီးစဉ်ပြေးဆွဲခြင်းကို အခြေအနေအမျိုးမျိုးကြောင့်ရပ်ဆိုင်းခဲ့ရာ ပလက်ဝမြို့နယ်ရှိ အများပြည်သူများသည် ပလက်ဝဈေးဆိုင်များ၌ ကုန်ပစ္စည်းများပြတ်လုနီးပါးဖြစ်ခဲ့ရာ ကုန်ဈေးနူန်းကြီးမြင့်ခြင်းဖြင့် စားဝတ်နေရေးအပြင် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေး စသည့် အခက်အခဲများနဲ့ ရင်ဆိုင်ကြုံတွေ့ ခဲ့ရသည်။
ယခုအခါ ကျောက်တော်-ပလက်ဝ ရေလမ်းကြောင်းပြန်ဖွင့်လာပြီဖြစ်၍ သင်္ဘောခရီးစဉ်အား တစ်ပတ်(၂) ကြိမ်ပုံမှန်ပြေးဆွဲပေးသည့်အတွက် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများအနေဖြင့် ခရီးသွားလာရေး၊ ကုန်စည်သယ်ယူပို့ဆောင်ရေး၊ စားနပ်ရိက္ခာမှစ၍ လူသုံးကုန်ပစ္စည်းများ၊ကုန်စည်၊ ရိက္ခာများစျေး ပလက်ဝမြို့နယ်တွင် ကုန်စည်များစျေးမြင့်တက်ခြင်း၊ ပြတ်လပ်ခြင်း၊ ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးလုပ်ငန်းများ အဆင်ပြေချောမွေ့လျက်ရှိကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)