ဖားဆောင်း ဇန်နဝါရီ ၁၃
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၌ စာပေချစ်သူများမှစာရေးဆရာသော်တာဆွေရေးသားသည့် ဤလောကမြေမဟီဝယ်စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center)၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်နန်းသဲနုအောင်က စာပေချစ်သူများအကြိုက်စာအုပ်ဖြင့် စာဖတ်သူအချင်းချင်း ဗဟုသုတအသိပညာများ မျှဝေဆွေးနွေးနိုင်စေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများပြုလုပ်ရခြင်းဖြစ်ကြောင်းပြောကြားပြီး စာရေးဆရာသော်တာဆွေရေးသားသည့် ဤလောကမြေမဟီဝယ်စာအုပ်မှ အလှဘယ်မှာနည်းခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့သည်။
ထို့နောက် Book club အဖွဲ့ဝင် ဦးကျော်ဖြိုးအောင်က အလွန်အလုပ်များသူခေါင်းစဉ်ဖြင့်လည်းကောင်း၊
Book club အဖွဲ့ဝင် ဦးနိုင်သူဝင်းက သူ့ခေတ်နှင့်သူခေါင်းစဉ်ဖြင့့်လည်းကောင်း၊ အဖွဲ့ဝင်ဦးလှမျိုးဇော်က အနုနှင့်အကြမ်းခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးအပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းနှင့် ပြသထားရှိသည့်စာအုပ်၊ စာစောင်များကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)