မူးယစ်ဆေးဝါး ဆိုးကျိုးများနှင့် စားသုံးသူ ကာကွယ်ပေးရေးဆိုင်ရာများအကြောင်း အသိပညာပေး

ဖြူး ဇန်နဝါရီ ၁၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတများ ရရှိစေရေးအတွက် ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်(၁၀)နာရီက ဖြူးအရှေ့ကျေးရွာ အုပ်စု၊နတ်ရေကန်ကျေးရွာ မူလတန်းလွန်ကျောင်း၌ ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဖြူးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍  အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။ အသိပညာပေးရာတွင် ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်အိမာဟိန်းက မူးယစ်ဆေးဝါး၏ မူလအစသမိုင်းအကြောင်း၊ မူးယစ်ဆေးဝါး အမျိုးအစားများ၊ မူးယစ်​ဆေးဝါး၏ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီး ကာကွယ်ရေးဆိုင်ရာအကြောင်း  ဖြူးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် တာဝန်ခံဒေါ်သန္တာစိုး ကစားသုံးသူအခွင့်အရေးဆိုင်ရာများ၊ စားသုံးသူကာကွယ်ပေးရေးဆိုင်ရာ ဥပဒေများ အကြောင်းတို့ကို ဟောပြောခဲ့ပြီး ကျောင်းသား/ကျောင်းသူများ၏ သိလိုသော မေးမြန်းချက်များအား ပြန်လည်ဖြေကြား ဆွေးနွေးခြင်းများကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့  အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၂၅၀)ဦးခန့် တက်ရောက်ကြကြောင်းနှင့် အခမ်းအနားအပြီးတွင် မူးယစ်ဆေးဝါး အမျိုးအစားများ၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်ပြဘုတ်များ ပြသပေးခဲ့ကြကြောင်း  သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)