သတင်းများ

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါထပ်ဆောင်း ကာကွယ်ဆေးဆက်လက်ထိုးနှံပေး
Jan 16,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဆက်လက်ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးများကို သတ်မှတ်ဦးစားပေးအုပ်စုအလိုက် ဆက်တိုက်ထိုးနှံပေးလျက်ရှိရာ အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီမှစ၍ ခနောင်တိုအရှေ့ရပ်ကွက်ရှိ အမှတ်(၃)အခြေခံပညာမူလတန်းကျောင်းတွင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ  ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ရေဖြူမြို့နယ်၊ အိန္ဒရာဇာ - ဆင်ကူး - လယ်ကြီး - မင်းသား - ဆင်စွယ် - ရေငံကြီး - စိန်ဘုံ ကျေးရွာချင်းဆက် မြေသားလမ်း ၁၅/၀ မိုင်အနက် ၈/၀ မိုင် အမာခံခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး
Jan 16,2023
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တနင်္သာရီတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ အိန္ဒရာဇာ - ဆင်ကူး - လယ်ကြီး - မင်းသား - ဆင်စွယ် - ရေငံကြီး - စိန်ဘုံ ကျေးရွာချင်းဆက် မြေသားလမ်း ၁၅/၀ မိုင်အနက် ၈/၀ မိုင် အမာခံခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး နေပြီဖြစ်ကြောင်း သိရသည်။
သန်လျင်မြို့နယ်အတွင်း မြေပြင်လူဦးရေစာရင်း ကောက်ယူခြင်းလုပ်ငန်းကြည့်ရှုစစ်ဆေး
Jan 16,2023
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်အတွင်း မြေပြင်လူဦးရေစာရင်း ကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်နေမှုများအား ယနေ့မွန်းလွဲပိုင်းတွင် သန်လျင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့က ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့သည်။
မိုးနဲမြို့နယ် အမှတ်(၈) မယ်ဇလီမြိုင် အခြေခံပညာမူလွန်ကျောင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (MYANCOPHARM) ထိုးနှံ
Jan 16,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (MYANCOPHARM) ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၈) မယ်ဇလီမြိုင် အခြေခံပညာမူလွန်ကျောင်း၌  ကာကွယ်ဆေးထိုးနှံပေးခြင်းကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုင်းရယ်၌ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပြုလုပ်
Jan 16,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် မြို့နယ်ရဲတပ်ဖွဲ့ ဒုရဲမှူး သန်းဝင်းအောင်နှင့် မြို့နယဥပဒေအရာရှိ ဦးဝေဖြိုးတို့ ပူးပေါင်း၍ ကျောင်းသား/သူ လူငယ်များ အသိပညာတိုးပွားစေရန်ရည်ရွယ်၍ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့က အခြေခံပညာအထက်တန်းကျောင်း၊ စုပေါင်းခန်းမ၌ ကျင်းပသည်။
ဂွမြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကျေးရွာအုပ်စုများအရောက် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိ
Jan 16,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၊ ဒေါင့်ချောင်းကျေးရွာအုပ်စုတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းသည် ယမန်နေ့နံနက်ပိုင်းက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ကျေးရွာအရောက် ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။
မန်တုံမြို့နယ်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ “စကားခွန်အား” ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ
Jan 16,2023
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့ နံနက်(၁၀:၀၀)နာရီအချိန်က ဒို့ကျေးရွာဂျာနယ် အတွဲ(၁၉)၊ အမှတ်(၂၄)စာစောင်၊ စာရေးဆရာ မောင်နှင်းဆီ ၏ “စကားခွန်အား” ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ကျင်းပခဲ့သည်။
မဘိမ်းမြို့၌ အိမ်ထောင်စုလူဦးရေစာရင်း ပြည့်စုံမှန်ကန်စေရေး Working Group  အဖွဲ့များမှ တစ်အိမ်တက်ဆင်း စာရင်းများဆက်လက်ကောက်ယူ
Jan 16,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ ရပ်ကွက်၊ ‌ကျေးရွာများအလိုက် အိမ်ထောင်စုလူဦးရေစာရင်း ပြည့်စုံမှန်ကန်စေရေး Working Group အဖွဲ့များမှ ယနေ့နံနက် ၉ နာရီအချိန်က ဘဟဲကျေးရွာတွင် စာရင်းများ ဆက်လက်ကောက်ယူလျက်ရှိကြောင်း သိရသည်။