မဘိမ်း ဇန်နဝါရီ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ ရပ်ကွက်၊ ကျေးရွာများအလိုက် အိမ်ထောင်စုလူဦးရေစာရင်း ပြည့်စုံမှန်ကန်စေရေး Working Group အဖွဲ့များမှ ယနေ့နံနက် ၉ နာရီအချိန်က ဘဟဲကျေးရွာတွင် စာရင်းများ ဆက်လက်ကောက်ယူလျက်ရှိကြောင်း သိရသည်။
အိမ်ထောင်စုလူဦးရေစာရင်းများ မြေပြင်ကွင်းဆင်းကောက်ယူရာတွင် ဘဟဲကျေးရွာ၌ မြေပြင်ကွင်းဆင်းကောက်ယူရေးအဖွဲ့များတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများ၊ မြို့နယ် (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကော်မတီဝင်များမှ တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်း စာရင်းကောက်ယူလျက်ရှိပြီး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇာနည်မောင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညိမ်းသူအောင်၊ မြို့နယ်ဥပဒေအရာရှိ ဦးထွန်းဝင်းနှင့် မြို့နယ်အဆင့်ဌာနဆိုင် ရာအကြီးအကဲများက ကွင်းဆင်းကြီးကြပ်ခဲ့ပြီး ဇန်နဝါရီ ၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးမင်း (ပြန်/ဆက်)