မိုးနဲ ဇန်နဝါရီ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (MYANCOPHARM) ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၈) မယ်ဇလီမြိုင် အခြေခံပညာမူလွန်ကျောင်း၌ ကာကွယ်ဆေးထိုးနှံပေးခြင်းကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သူနာပြုဆရာမများက ကျောင်းသား/သူလေးများကို အပူချိန်တိုင်းပေးခြင်း၊ စာရင်းသွင်းပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ကာကွယ်ဆေးထိုးနှံပေးခဲ့ကြရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနမှ ဆရာမများနှင့် သမဝါယမဦးစီးဌာန ပူးပေါင်းအဖွဲ့မှ လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် KG မှ Grade-5 ထိ ကျောင်းသား/သူ စုစုပေါင်း စာရင်းရှိ (၁၃၄)ဦးအနက် (၁၁၈) ဦးကို (MYANCOPHARM) ကာကွယ်ဆေးတစ်လုံးလျှင် (၅) ယောက်နှုန်း ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဇင်ကိုကို (ပြန်/ဆက်)