သတင်းများ

ပေါက်တောမြို့အထက-ပေါက်တောကျောင်းတွင် ပညာရေးစုံညီပွဲတော်ပဒေသာကပွဲနှင့်ဆုချီးမြှင့် ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ
Jan 16,2023
ရခိုင်ပြည်နယ် စစ်တွေခရိုင်ပေါက်တောမြို့အ.ထ.က-ပေါက်တောကျောင်းတွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်ပဒေသာကပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ(၂)နာရီအချိန်က အဆိုပါကျောင်းရှေ့တွင်စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။
သပိတ်ကျင်းမြို့နယ်တွင် ဆန်၊ ဆီ၊ ကြက်သား၊ ကြက်ဥနှင့် စားသောက်ကုန်ပစ္စည်းများကို သက်သာသောစျေးနှုန်းဖြင့် ဆက်လက်ရောင်းချပေး
Jan 16,2023
ဒေသတွင်းပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ စားသောက်ရေးအထောက်ကူပြုစေရန်ရည်ရွယ်၍ နယ်မြေခံတပ်မတော်သားများက မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် (၇)နာရီ (၃၀)မိနစ်အချိန်က ဆန်၊ ဆီ၊ ကြက်သား၊ ကြက်ဥနှင့် စားသောက်ကုန်ပစ္စည်းများကို (သတ္တမ)အကြိမ်မြောက် သက်သာသောစျေးနှုန်းများဖြင့် လာရောက်ရောင်းချပေးခဲ့သည်။
ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အဏ္ဏဝါ ပတ်ဝန်းကျင်ညစ်ညမ်းမှုဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ
Jan 16,2023
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ပြင်ဦးလွင်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပူးပေါင်း၍ အဏ္ဏဝါပတ်ဝန်းကျင် ညစ်ညမ်းမှုဆိုင်ရာအသိပညာပေး Talk Show ကျင်းပသည်။
မင်းလှမြို့ ရတနာပုံဘုန်းတော်ကြီးသင်ပညာရေး‌ကျောင်းတွင် ဗုဒ္ဓဘာသာ၊ ပညာရည်ချွန်နှင့် အားကစားဆုပေးပွဲ အခမ်းအနားကျင်းပ
Jan 16,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ လက်ဆက်အုပ်စု၊ စိန်ကန့်လန့်ကျေးရွာ၊ ရတနာပုံဘုန်းတော်ကြီးသင် ပညာရေး‌ကျောင်း ၌ ဗုဒ္ဓဘာသာ၊ ပညာရည်ချွန်နှင့် အားကစား ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီချိန်က ကျင်းပပြုလုပ်သည်။ ရတနာပုံ ဘုန်းတော်ကြီးသင် ပညာရေး‌ကျောင်းဆုပေးပွဲကို ကျောင်းသား၊ ကျောင်းသူလေးများက “မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး၊ ရတနာပုံကျောင်းတိုက် ဆရာတော်ဦးဝိမလကဩဝါဒ ဆုံးမစကားများမိန့်ကြားသည်။ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းမြင့်နှင့် ကျောင်းအုပ် ဆရာမကြီး ဒေါ်အေးလေးတို့က အမှာစကားပြောကြားသည်။
ပုသိမ်မြို့၌ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် မြင့်မားရေးအတွက် ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ‌ဟောပြောပွဲ ကျင်းပ
Jan 16,2023
တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများဟောပြောပွဲအား ယမန်နေ့ နံနက်ပိုင်းက ပုသိမ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ပုသိမ် တက္ကသိုလ်ပါမောက္ခချုပ်နှင့်ပါမောက္ခများ၊ အခြေခံပညာအထက်တန်း ကျောင်းများမှ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။
ဟားခါးမြို့၌ မြေပြင်စာရင်းကောက်ယူခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးသန့်ဇင် ကြည့်ရှုစစ်ဆေး
Jan 16,2023
ချင်းပြည်နယ်၊ ဟားခါးမြို့၌ မြေပြင်လူဦးရေးစာရင်း ကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ယနေ့ နံနက်ပိုင်းက ချင်းပြည်နယ်လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်က ကြည့်ရှုစစ်ဆေးသည်။
တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ပညာရေးစုံညီပွဲတော်ကျင်းပ
Jan 16,2023
တံတားဦးခရိုင် တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်(၉)နာရီအချိန်က အဆိုပါကျောင်း ရတနာထွန်းခန်းမ၌ကျင်းပကြောင်း သိရသည်။
စမ်းချောင်းမြို့နယ်တွင် Working Group မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
Jan 16,2023
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ Working Group မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်း လုပ်ငန်းများဆက်လက် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၈)နာရီအချိန်က စမ်းချောင်းမြို့နယ် ကျွန်းတော(မြောက်)ရပ်ကွက်တွင် အမှတ်(၈)အခြေခံပညာမူလတန်းကျောင်းနှင့် လင်းလွန်း‌ (တောင်) ရပ်ကွက်တွင် ကိုးနဝင်းဓမ္မာရုံတို့၌ မြို့နယ်ကွပ်ကဲရေးရုံးဖွင့်လှစ်ပြီး ကျွန်းတော(မြောက်)ရပ်ကွက်နှင့် လင်းလွန်း(တောင်) ရပ်ကွက်များသို့ မြေပြင်တစ်အိမ် တက်ဆင်းကွင်းဆင်း စာရင်းကောက်ယူခြင်း ဆောင်ရွက်ခဲ့သည်။