ထားဝယ် ဇန်နဝါရီ ၁၆
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တနင်္သာရီတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ အိန္ဒရာဇာ - ဆင်ကူး - လယ်ကြီး - မင်းသား - ဆင်စွယ် - ရေငံကြီး - စိန်ဘုံ ကျေးရွာချင်းဆက် မြေသားလမ်း ၁၅/၀ မိုင်အနက် ၈/၀ မိုင် အမာခံခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး နေပြီဖြစ်ကြောင်း သိရသည်။
မြေသားလမ်းအမာခင်းခြင်းလုပ်ငန်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် ခွင့်ပြုရန်ပုံငွေ ကျပ် ၂၄၃ ဒသမ ၀၃၂ သန်း ဖြင့် May Tectonic ကုမ္ပဏီမှ တင်ဒါအောင်မြင်ပြီး ၎င်းလမ်းပေါ်ရှိ ၁၀ ပေ Box Culvert ၂ စင်း တည်ဆောက်ခြင်းလုပ်ငန်းသည် ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်သည်။
အဆိုပါလမ်းပေါ်ရှိ ကျေးရွာ ၃ ရွာ၊ အိမ်ခြေ ၄၈၄ အိမ်၊ လူဦးရေ ၂၆၀၇ ဦး တို့အတွက် များစွာအကျိုးပြုသည့်လမ်းပိုင်းဖြစ်သည့်အပြင် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာကာ လူနေမှုအဆင့်အတန်းများ ပိုမိုမြင့်မားလာ၍ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း သိရသည်။
ငွေဇင်ယော်