မိုင်းရယ် ဇန်နဝါရီ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် မြို့နယ်ရဲတပ်ဖွဲ့ ဒုရဲမှူး သန်းဝင်းအောင်နှင့် မြို့နယဥပဒေအရာရှိ ဦးဝေဖြိုးတို့ ပူးပေါင်း၍ ကျောင်းသား/သူ လူငယ်များ အသိပညာတိုးပွားစေရန်ရည်ရွယ်၍ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့က အခြေခံပညာအထက်တန်းကျောင်း၊ စုပေါင်းခန်းမ၌ ကျင်းပ သည်။
အဆိုပါ ဟောပြောပွဲတွင် ဒုရဲမှူး သန်းဝင်းအောင်က မူးယစ်ဆေးဝါးစတင်ပေါ်ပေါက်လာပုံနှင့် မြန်မာနိုင်ငံသို့ဝင်ရောက်လာပုံအဆင့်ဆင့်၊ မူးယစ်ဆေးဝါး အမျိုးအစားများ၊ မူးယစ်ဆေးသုံးစွဲပါက ဖြစ်ပေါ်လာမည့်ဆိုးကျိုးများကိုလည်းကောင်း၊ ဥပဒေအရာရှိ ဦးဝေဖြိုးက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးအန္တရာယ်ဆိုင်ရာ ပြစ်မှု၊ ပြစ်ဒဏ်များကို အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြသည်။
အသိပညာပေးဟောပြောပွဲသို့ အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာအလယ်တန်းကျောင်းတို့မှ ကျောင်းအုပ်ဆရာမကြီးများ ဆရာ/မ များ၊ ကျောင်းသား/သူများ စုစု ပေါင်း ၈၀ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
(မြို့နယ် ပြန်/ဆက်)