သတင်းများ

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ ဝါးအခြေခံလက်မှုထည်ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်ပွဲကျင်းပ
Jan 16,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့် ရှမ်းပြည်နယ် အသေးစားစက်မှုူလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော ဝါး အခြေခံလက်မှုထည်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀နာရီအချိန်က နောင်တောင်း ပရဟိတ တပ်ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
မန္တလေးမြို့၊ တောင်သမန် ဦးပိန်တံတားတွင် ဓာတ်ပုံသမား ၁၀၀ ၀န်းကျင်ရှိပြီး စီးပွားရေးလုပ်ငန်းအဖြစ်လုပ်ကိုင်သူများလာ
Jan 16,2023
မန္တလေးမြို့၊ တောင်သမန်၊ ဦးပိန်တံတားတွင် ကင်မရာဖြင့်ဓာတ်ပုံရိုက်ပေးသည့် ဓာတ်ပုံဆရာ ၁၀၀ ၀န်းကျင်ရှိပြီး လာရောက်လည်ပတ်သူများက အလှဓာတ်ပုံရိုက်ကူးမှုများကြောင့် စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ်လုပ်ကိုင်သော ဓာတ်ပုံသမားများပြားလာကြောင်း တောင်သမန်မှ ဓာတ်ပုံဆရာတစ်ဦးကပြောသည်။
အုတ်တွင်းမြို့၌ ပထမအကြိမ် အမက(မူလွန်)ကသစ်တန်း(မြတ်ဆရာ) အာစရိယပူဇော်ကန်တော့ပွဲအခမ်းအနားကျင်းပ
Jan 16,2023
ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့၊ ကသစ်တန်းရပ်ကွက် အမက(မူလွန်)ကသစ်တန်းမှ ကျောင်းသား၊ ကျောင်းသူဟောင်းများဦးဆောင်ပြုလုပ်သော ပထမအကြိမ်(မြတ်ဆရာ) အာစရိယပူဇော်ကန်တော့ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရွာလည်ဘုန်း‌တော်ကြီးကျောင်းတိုက်၌ ကျင်းပသည်။
ပင်လုံမြို့တွင် မြေပြင်လူဦးရေစာရင်း ကောက်ယူရေး ကွင်းဆင်းစစ်ဆေး
Jan 16,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့နယ်၊ ပင်လုံမြို့တွင် တစ်အိမ်တက်ဆင်း မြေပြင်လူဦးရေစာရင်းကောက်ယူလျက်ရှိရာ ဇန်နဝါရီလ ၁၆ ရက် နံနက်ပိုင်း၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် အဖွဲ့ဝင်များ ကွင်းဆင်းကြည့်ရှု့ စစ်ဆေးကြသည်။
ဇေယျာသီရိမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်အတွင်း၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲပြုလုပ်
Jan 16,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်းပြီး ကျောင်းသား/သူများအား မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့သည်။
ညောင်ဦးမြို့နယ်တွင် မြေပြင်ကွင်းဆင်း၍ အိမ်ထောင်စုလူဦးရေစာရင်းများကောက်ယူ
Jan 16,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း( Working Group) မြေပြင်ကွင်းဆင်းကောက်ယူခြင်းများကို ယနေ့တွင်လည်း သက်ဆိုင်ရာဌာန ဆိုင်ရာများက ရပ်ကွက်/ကျေးရွာများတွင်စာရင်းများကောက်ယူလျက်ရှိကြောင်းသိရသည်။
မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများ အရှိန်အဟုန်မြှင့်ဆက်လက်ထိုးနှံပေး
Jan 16,2023
ရန်ကုန်တိုင်း‌ဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် အသက် ၁၈ နှစ်အထက်များအား Myancopharn ကာကွယ်ဆေးများကို ပထမအကြိမ်ထိုးနှံပေးပြီး အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းပြင်ပကလေးများအား Pfizer ကာကွယ်ဆေးများကို ယမန်နေ့နံနက် ၀၉:၀၀ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ခေမာသီလမ်း၊ ဝေပုလ္လအိမ်ယာအနီး မြို့နယ်ကျန်းမာ‌ရေးဦးစီးဌာနရုံးတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ရာနှုန်းပြည့်ပြီးစီးရေး အရှိန်အဟုန်မြှင့်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မိုးညိုမြို့နယ် ကြက်ခြေနီအသင်းခွဲမှ မီးဘေးသင့်ပြည်သူများအား ကျေးရွာအရောက်သွားရောက်ထောက်ပံ့
Jan 16,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ မှက္ကတန်ကျေးရွာတွင်ဖြစ်ပွားခဲ့သော မီးဘေးမှမီးဘေးသင့်အိမ်‌ထောင်စုများအား မြို့နယ်ကြက်ခြေနီအသင်းခွဲမှတာဝန်ရှိသူများက ထောက်ပံ့ရေးပစ္စည်းများကို ယမန်နေ့က ကျေးရွာအရောက်သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။