ဟိုပန်၌ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
Jan 16,2023
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့ (Working Group)များက ယမန်နေ့ နံနက်(၉)နာရီက ဟိုပန်မြို့နယ် ရုံးကုန်းရပ်ကွက်၊ ကောင်းဟုန်းရပ်ကွက်နှင့် ရွှေဝါကျေးရွာများသို့သွားရောက်၍ တစ်အိမ်တက်ဆင်း စာရင်းကောက်ယူခဲ့ကြသည်။