သတင်းများ

ပွင့်ဖြူမြို့နယ်၌ လာမည့်နွေသီးနှံစိုက်ပျိုးရာသီတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးသီးနှံဧက တစ်သောင်းခွဲ အကောင်အထည်ဖော် စိုက်ပျိုးထုတ်လုပ်သွားမည်
Jan 16,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ လာမည့်နွေသီးနှံစုက်ပျိုးရာသီတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးသီးနှံဧက တစ်သောင်းခွဲ အကောင်အထည်ဖော် စိုက်ပျိုးထုတ်လုပ်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ ကယားပြည်နယ်အတွင်းရှိ ပြည်သူများနှင့်တွေ့ဆုံပွဲသို့တက်ရောက်
Jan 16,2023
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်တွင်ကျရောက်မည့် (၇၁)နှစ်မြောက်ကယားပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုရန်အတွက် ကယားပြည်နယ်သို့ရောက်ရှိနေကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများသည် ယမန်နေ့ နေ့လယ်(၁၂:၃၀)နာရီအချိန် ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်သည့် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
နတ်မောက်မြို့နယ်တွင် မုံလာဥဖြူတစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ
Jan 16,2023
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် မုံလာဥဖြူ တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ရရှိကြောင်း စိုက်ပျိုးသူ မဖြူမထံက သိရသည်။
မိုင်းလုံမြို့ ဆုတောင်းပြည့်ဘုရားကျောင်းတွင် (၁၅)ကြိမ်မြောက် ဓမ္မောဓသသစ္စာဓမ္မသဘင် (၇)ရက်တရားစခန်းကျင်းပနိုင်ရေး အစည်းအဝေးဆောင်ရွက်
Jan 16,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ခန္တီရပ်ကွက်ရှိ ဆုတောင်းပြည့်ဘုရားကျောင်းတွင်(၁၅)ကြိမ်မြောက် ဓမ္မောဓသသစ္စာဓမ္မသဘင် (၇)ရက်တရားစခန်း ကျင်းပနိုင်ရေးအစည်းကို ယမန်နေ့က ဆုတောင်းပြည့်ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
သီပေါမြို့နယ်တွင် စာပေဝါသနာရှင်များပူးပေါင်း၍စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်
Jan 16,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)၊ အမျိုးသမီးအသင်း(Women Club)နှင့် လူငယ်အသင်း(Yoth Club)တို့ ပူးပေါင်း၍ စာပေဝါသနာရှင်များ စာပေအသိအမြင်ဗဟုသုတများ ဆွေးနွေးဖလှယ်နိုင်စေရန်နှင့် စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်(၉)နာရီက စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Pre SEA Games လက်ရည်စစ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကျင်းပ ရန်ကုန်တိုင်းဒေကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်တက်ရောက် ကြည့်ရှုအားပေးကာ ထောက်ပံ့ငွေများပေးအပ်
Jan 16,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သပြေကုန်းရပ်ကွက်၊ သိမ်ဖြူလမ်းရှိ သိမ်ဖြူလက်ဝှေ့ရုံတွင် မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်ကကြီးမှူး၍ Pre SEA Games လက်ရည်စစ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကြီးကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်း တက်ရောက်ကြည့်ရှုအားပေးကာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဒုတိယဝန်ကြီး ဦးရဲတင့် မိုင်းဆတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံ
Jan 16,2023
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ဇန်နဝါရီလ(၁၅)ရက်နေ့ မွန်းတည့် (၁၂)နာရီက မိုင်းတုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ ရောက်ရှိကာ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ညနေ(၃)နာရီတွင် မိုင်းဆတ်မြို့သို့ရောက်ရှိကာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊
ပြည်မြို့တွင်ကျင်းပသည့် ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း) အသေးစား၊ အလတ်စားနှင့်အငယ်စား(MSMEs) ဒေသထုတ်ကုန်စည်ပြပွဲသို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း တက်ရောက်အားပေး
Jan 16,2023
ပဲခူးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် ယမန်နေ့ညနေ ၆ နာရီက ပြည်မြို့ယဉ်ကျေးမှုကဇာတ်ရုံ(ခေတ္တရာပြည်သူ့ခန်းမ)၌ကျင်းပသည့် ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)ရှိ ပြည်ခရိုင်၊ နတ္တလင်းခရိုင်နှင့် သာယာဝတီခရိုင်တို့၏ အသေးစား၊ အလတ်စားနှင့်အငယ်စား(MSMEs) ဒေသထုတ်ကုန်စည်ပြပွဲ ဖွင့်အခမ်းအနားသို့ တက်ရောက်ကြည့်ရှုအားပေးသည်။