သရက် ဖေဖော်ဝါရီ ၅
မကွေးတိုင်း ဒေသကြီး သရက်မြို့၌ တက္ကသိုလ်ဝင်(G-5.9) စာမေးပွဲကြီးကြပ်ရေးမှူး၊ လက်ထောက်ကြီးကြပ်ရေးမှူး ဆင့်ပွားသင်တန်းဖွင့်ပွဲ ကျင်းပခြင်းကို ယမန်နေ့နံနက် (၉)နာရီက အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဦးအောင်ကျော်ဦး က သင်တန်းသား/သင်တန်း သူများအနေဖြင့် သင်တန်းတွင် ပို့ချပေးသည့် ဘာသာရပ်များကို ဂရုတစိုက် မှတ်သားစေလိုကြောင်း သင်တန်းတွင် စိတ်ပါဝင်စားမည့် ဆရာ/ဆရာများကို ရွေးချယ်သွားမှာဖြစ်ကြောင်း ပြောကြားပေးခဲ့သည်။ အဆိုပါ သင်တန်းတွင် မူလတန်း ကျောင်းအုပ်(၁၂၃)ဦး၊ ဒုလယ်ပြ (၂၂၁) ဦး တက်ရောက်ကြရာ သင်တန်းနည်းပြ (၃)ဦးက ပို့ချမည်ဖြစ်ကြောင်း သိရသည်။
ဇော်ထက်(သရက်)