ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် ဗန်းမော်ခရိုင်အတွင်းရှိ စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိများ၊ ဝန်ကြီးဌာနအောက်ရှိ ဦးစီး ဌာနများနှင့်တွေ့ဆုံ၊ ကမ်းသာယာကန် နှင့် ပန်းခြံတိုးချဲ့ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး

ဗန်းမော် ဖေဖော်ဝါရီ ၅

ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီးဦးတိန့်ဆောင်သည် ဗန်းမော်ခရိုင်အတွင်းရှိ စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိများ၊ ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိဦးစီးဌာနများမှ ခရိုင်ဦးစီးမှူးများနှင့်တွေ့ဆုံပြီး မေတ္တာမွန်ရေကန်(ဂေါ်ရာကန်)နှင့် ပန်းခြံသာယာလှပရေးတိုးချဲ့ဆောင်ရွက် သွားမည့်အစီအစဉ်များကို ယမန်နေ့မွန်းလွဲ ၁နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးသည် ဗန်းမော်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ခရိုင်အတွင်းမြို့နယ်များမှ အမှုဆောင်အရာရှိများနှင့်တွေ့ ဆုံပြီး ခရိုင်အတွင်းရှိမြို့များသန့်ရှင်းသာယာလှပစေရေးနှင့်ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် စည်ပင် သာယာရေးအဖွဲ့လုပ်ငန်းစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုအခြေအနေနှင့်ဆက်လက်ဆောင်ရွက်သွားမည့် လမ်း၊ တံတား၊ ရေပေးဝေရေး၊ ပန်းခြံနှင့်အပန်းဖြေနေရာများ ဖော်ဆောင်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် ဗန်းမော်မြို့၏အထင်ကရနေရာတစ်ခုဖြစ်သည့် မေတ္တာမွန်ရေကန်(ဂေါ်ရာကန်)တွင် ပြည်သူများကိုယ်ကာယလေ့ကျင့်ခန်းပြုလုပ်နိုင်ရန်နှင့် အပန်း ဖြေအနားယူနိုင်ရန် မြေယာအလှရှုခင်းနှင့်သစ်ပင်ပန်းမံအလှဆင်ခြင်းလုပ်ငန်းများ၊တိုးချဲ့ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများ၊ ကလေးကစားကွင်း ဆောင်ရွက်ထားရှိမှုတို့ကို တာဝန်ရှိသူများနှင့်အတူကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များဖြည့်စွက်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးသည်ခရိုင်သစ်တောဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ ဦးစီးဌာနများမှဌာနဆိုင်ရာများနှင့်တွေ့ဆုံ၍ ခရိုင်အတွင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြမှုများအပေါ် လိုအပ်သည်များပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး အဆိုပါသစ်တောရုံး၌ ဗန်းမော်၊မံစီ၊ ရွှေကူမြို့နယ်ရုံး ဝန်ထမ်းများအတွက် GPS ကိုင်တွယ်အသုံးပြုခြင်း၊ Global Mapper ArcGIS Software များ အသုံး ပြု၍ မြေပုံထုတ်လုပ်ခြင်းသင်တန်း ဖွင့်လှစ်ပို့ချနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။

ပြည်နယ်ပြန်/ဆက်