ကချင်ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း နာယကအဖွဲ့ဝင်များ ဗန်းမော်မြို့နယ်အတွင်း အမျိုးသမီးငယ်များဘဝတိုးတက်မြင့်မားရေးနှင့် က လေးငယ်များကျန်းမာကြံ့ခိုင်ပြီးဖွံ့ဖြိုး မှုမြင့်မားလာစေရေး ကွင်းဆင်းဆောင်ရွက်‌

ဗန်းမော် ဖေဖော်ဝါရီ ၅

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်မြို့နယ်အတွင်း အမျိုးသမီးငယ်များဘဝတိုးတက်မြင့်မားလာရေးနှင့်ကလေးငယ်များကျန်းမာကြံ့ခိုင်ပြီး ဖွံ့ဖြိုးမှုမြင့်မားလာစေရေးအတွက် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း နာယက၊ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးဒေါ်နန်ဆိုင်းနှင့် နာယကအဖွဲ့ဝင်များက ယမန်နေ့မွန်းလွဲ ၂ နာရီက ဗန်းမော်မြို့နယ်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ ကြသည်။

ထို့သို့ဆောင်ရွက်ရာတွင် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း နာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်နန်ဆိုင်း၊ နာယကအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်နန်စိန်အေး၊ ဒေါ်ဒေါင်နန်း၊ ဒေါ်သွဲ့လေးအောင်တို့သည် ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ၊ ခရိုင်/မြို့နယ် အဖွဲ့ဝင်များနှင့်အတူ ဗန်းမော်မြို့နယ်စပ်ရေးရာဝန်ကြီးဌာန၊ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာသင်တန်းကျောင်း၌ အခြေခံစက်ချုပ်ပညာ သင်တန်းတက် ရောက်နေသောသင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားပြီး သင်တန်းသူများ၏ စားရိပ်သာဆောင်၊ အိပ်ဆောင်များကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ‌ထောက်ပံ့ငွေများကိုထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် ဗန်းမော်မြို့မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင်သားဖွားဆောင်၌ ကိုယ်ဝန်ဆောင်မိခင်များကိုတွေ့ဆုံအားပေးစကားပြောကြားကာ ကိုယ်ဝန်ဆောင်မိခင်များအတွက် လိုအပ်သည့်ဆေးဝါးနှင့်အာဟာရဖြစ်စားသောက်စရာများကို ထောက်ပံ့ပေးအပ်ပြီး အဆိုပါဝင်းအတွင်းရှိ မေတ္တာစမ်းရေမူလတန်းကြိုကျောင်း၌လည်းကလေးငယ်များအား အား‌ပေးတွေ့ဆုံပြီး ကစားစရာပစ္စည်းများနှင့်မုန့်များကို ဝေငှကျွေးမွေးခဲ့ကြသည်။

ထိုမှတစ်ဆင့် ဗန်းမော်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်ထားသည့်မူလတန်းကြိုကျောင်း၌ ကလေးများနေ့အကြို မူကြိုကလေးများအတွက်ကဗျာရွတ်ဆိုပြိုင်ပွဲ၊ တေးသီချင်းဆိုပြိုင်ပွဲ၊ ပုံပြိုင်ပြောပြိုင်ပွဲ ကျင်းပပြုလုပ်သည့် အခမ်းအနားသို့တက်ရောက်ခဲ့အားပေးခဲ့ကြပြီး ဗန်းမော်ခရိုင်အတွင်း ကျေးလက်မိခင်ဝိုင်း (၅)ဝိုင်းအတွက် ထောက်ပံ့ငွေကျပ် ၅သိန်းနှင့် ပြိုင်ပွဲဝင်ကလေးများအတွက် ဂုဏ်ပြုဆုနှင့်အမှတ်တရလက်ဆောင်များ၊ မုန့်များကိုဝေငှကျွေးမွေးခဲ့ကြကြောင်း သိရှိ ရသည်။

ပြည်နယ်ပြန်/ဆက်