မုံရွာ ဖေဖော်ဝါရီ ၅
၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေးရည်ရွယ်၍ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် ဖူဆယ်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက မုံရွာမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ ဖူဆယ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပထမဆုံးပွဲစဉ်(၁)တွင် မုံရွာအသင်း နှင့် ဘုတလင်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုတို့အား အားကစားနှင့်လူငယ်ရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြအောင်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်ပြီး အရာတော်အသင်းနှင့် ချောင်းဦးအသင်း၊ မုံရွာအသင်းနှင့် အရာတော်အသင်း၊ ဘုတလင်အသင်းနှင့် ချောင်းဦးအသင်း၊ မုံရွာအသင်းနှင့် ချောင်းဦးအသင်း၊ အရာတော်အသင်း နှင့် ဘုတလင်အသင်းတို့ ယှဉ်ပြိုင်ကစားကြပြီး ဖေဖော်ဝါရီ ၆ ရက်နေ့ နံနက်(၇)နာရီမှစတင်၍ အမှတ်အနည်းဆုံးရရှိသည့် အသင်း(၂)သင်းအား တတိယလုပွဲ နှင့် နံနက်(၈)နာရီတွင် အမှတ်အများဆုံးရရှိသည့် အသင်း(၂)သင်းအား ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားသွားပြီးနောက် အကောင်းဆုံး ဆုရအားကစားသမားဆု နှင့် ပထမ၊ ဒုတိယ၊ တတိယဆုရအသင်းတို့အား တစ်ဦးချင်းဆု၊ ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားများကို တာဝန်ရှိသူများက အသီးသီးပေးအပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)