တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို (၇၆)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားသို့ တက်ရောက်

ထားဝယ်   ဖေဖော်ဝါရီ   

(၇၆)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကို ယနေ့နံနက် နာရီ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

ရှေ့ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ သယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာတို့က (၇၆)ကြိမ်မြောက် မွန်အမျိုးသားနေ့ အထိမ်းအမှတ် မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တက်ရောက်လာသော ဧည့်သည်တော်များအား မွန်ရိုးရာတပင်တိုင် အကဖြင့် ကပြဖျော်ဖြေတင်ဆက်သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို က နှစ်စဉ် တပို့တွဲလပြည့်ကျော် () ရက်နေ့ ကျရောက်တိုင်းကျင်းပသည့် မွန်အမျိုးသားနေ့ အခမ်းအနားသည် သမိုင်းအစဉ်အလာ၊ ဂုဏ်သိက္ခာကြီးမားခဲ့သည့် လူမျိုးတစ်မျိုး၏ အထွဋ်အမြတ် ဖြစ်သည့်အားလျော်စွာ မွန်လူမျိုးအားလုံး မိမိတို့ရောက်ရှိနေထိုင်ကြသည့် နေရာဒေသအနှံ့အပြားတွင် အသီးသီး ကျင်းပ လျက်ရှိကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ () ရက်နေ့တွင် ကျရောက်သည့် (၇၆) ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကို ကျင်းပရခြင်းမှာ မွန်လူမျိုးတို့၏ ဘာသာစကား ယဉ်ကျေးမှုဓလေ့ထုံးတမ်း၊ သမိုင်းအစဉ်အလာများ မပျောက်ကွယ်မတိမ်ကောသွားစေရန်၊ ထိန်းသိမ်းသွားရန်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်ရန်၊ မွန်လူမျိုးတို့၏ ဇာတိသွေး၊ ဇာတိမာန် အစဉ်နိုးကြားပြီး စည်းလုံးညီညွတ်မှုရှိစေရန်၊ တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး အတူတကွပေါင်းစည်းပြီး စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်သွားရန် စသည့် ကောင်းမြတ်သော ရည်ရွယ်ချက်များဖြင့် ကျင်းပသည်ကို တွေ့ရှိရကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၁၂)ရပ် တွင်လည်း တစ်ချက်အပါအဝင် ဖြစ်သည့်တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများ ကို လေးစားလိုက်နာပြီး အမျိုးသားရေးစိတ်ဓာတ်ကို အခြေခံသည့် ကိုးကွယ်ယုံကြည်မှု၊ ယဉ်ကျေးမှု၊ အမျိုးသားရေး စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးစသည့်အချက်နှင့်အညီ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားတို့၏ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်းများ တိမ်ကောပျောက်ကွယ်မှုမရှိစေရန် အလေးအနက်ထား ဆောင်ရွက်လျက်ရှိကြောင်း၊ မွန်အမျိုးသားနေ့ဖြစ်သည့်အားလျော်စွာ မိမိတို့ လူမျိုး၊ ဘာသာ၊ သာသနာနှင့် အမျိုးသားအကျိုးစီးပွား တိုးတက်ရေးကို အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ဆက်လက်၍တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး JengPhang နော်တောင် မှ (၇၆)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားသို့ ပေးပို့လာသည့် သဝဏ်လွှာအား တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာ  က ဖတ်ကြားပြီး မွန်အမျိုးသားနေ့ ကျင်းပရေးကော်မတီ ရန်ကုန်(ဗဟို) ဥက္ကဋ္ဌမှ ပေးပို့လာသော သဝဏ်လွှာအား တိုင်းဒေသကြီး မွန်အမျိုးသားနေ့ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ၊ ဦးနိုင်မင်းနိုင် က ဖတ်ကြားသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊  တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ က အခမ်းအနားသို့တက်ရောက်လာသော မွန်လူမျိုးများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်တ်ဆက်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)