နတ်မောက် ဖေဖော်ဝါရီ ၅
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ် ( ၂၀၂၃ ခုနှစ် ဧပြီလမှ ၂၀၂၄ ခုနှစ် မတ်လအထိ) ကာလအတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်(၆၅)ခုကို စျေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးခန်းမ တွင်ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးသိန်းဌေးက ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေးလိုင်စင်စျေးပြိုင်စနစ်ဖြင့် ရောင်းချသည့်အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက်အရပ်ရပ်အခွင့်အရေးလိုင်စင်(၆၅)ခုအနက် အခွင့်အရေးလိုင်စင်(၅)ခုကို ရောင်းချပေး နိုင်ခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့က တက်ရောက်လာကြသူများအား ရှင်းလင်းဖတ်ကြားခဲ့ကြောင်း သိရသည်။
လှဝင်း