စလင်း ဖေဖော်ဝါရီ ၅
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ခဲ့သည့်လမ်းနှင့်တံတားများကို မြို့ နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့အင်္ဂါရပ်နှင့်အညီသာယာလှပစေရန်အတွက် ရပ်ကွက်များအတွင်းရှိ လမ်း(၁၆)လမ်းနှင့်တံတား (၁၀)စင်းကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့် အဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီးခဲ့ကြောင်းသိရသည်။
စလင်းမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်အတွင်း မကွေးတိုင်းဒေသကြီးအစိုးရ ခွင့်ပြုငွေကျပ်(၂၃၅.၈)သန်းဖြင့် ကွန်ကရစ်လမ်းများအဖြစ် (၁၆)လမ်းမှ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အနီးကပ်ကြီးကြပ်၍ စျေးမရပ်ကွက်၊ ပေါင်းနားရပ်ကွက်၊ မြင်တင်ရပ်ကွက်၊ ကျောင်းကြားရပ်ကွက်၊မြေမိရပ်ကွက်၊ဆင်ဖြူကျွန်း(၁)ရပ်ကွက်နှင့်(၃)ရပ်ကွက်၊စာစီကျောင်းရပ်ကွက်များတွင် ကွန်ကရစ်လမ်းများနှင့်တမာချောင်ကျေးရွာ အမှိုက်ပစ်ကွင်းလမ်းအားမြေနီကျောက်စရစ်လမ်းခင်းခြင်းနှင့်ထန်းဖူးတောလမ်းကျန်အပိုင်းအားကွန်ကရစ်လမ်းပြုလုပ်ခြင်း၊တံတားငယ်(၁၀)စင်းအား ကွန်ကရစ်တံတားများအဖြစ် သတ်မှတ်ကာလများ အ တွင်းအချိန်မီပြီးစီးနိုင်ရေး၊ အရည်အသွေးပြည့်မီခိုင်ခန့်နိုင်ရေးတို့အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှအနီးကပ်ကြီးကြပ်ဆောင်ရွက်ခဲ့ရာရာနှုန်းပြည့်ပြီးစီးခဲ့သည်။ မြို့ပေါ်ရပ်ကွက်များအတွင်း ကွန်ကရစ်လမ်းများ ၊ကွန်ကရစ်တံတားများပြီးစီးခဲ့သည့်အတွက် ဒေသခံပြည်သူများ ကျောင်းသား၊လူငယ်များနှင့်စျေး ရောင်းစျေးဝယ်ကုန်သည်များ ပြည်သူလူထုအများ စီးပွားရေး၊ လူမှုရေး၊ကျန်းမာရေး၊ပညာရေးများတွင် လွယ်ကူလျင်မြန်စွာ အခက်အခဲမရှိသွားလာနိုင်တော့မည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရှိရသည်။
သတင်းပေးပို့သူ