လမ်းမတော်မြို့နယ်တွင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ပုံပြောပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ အခမ်းအနားကျင်းပ

လမ်းမတော် ဖေဖော်ဝါရီ 

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်တွင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ပုံပြောပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက လမ်းမတော်မြို့နယ် Community ခန်းမတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားအစီအစဥ်အရ လမ်းမတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်လင်းယုလှိုင်ဝင်းမှ ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲဝင်ကျောင်းသား/ ကျောင်းသူများက မိမိတို့ကြိုက်နှစ်သက်ရာ ပြည်ထောင်စုနေ့နဲ့ပါတ်သက်ပြီး ပုံပြင်များအား ပြိုင်ပွဲဝင်ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာန လမ်းမတော်မြို့နယ်ရုံးမှ ပြသထားသော သဘာဝဘေးအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်များအားကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ကျော်ဆန်းမြင့်