သတင်းများ

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်
Feb 06,2023
ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ‌ရောဂါပိုးအိုမီခရွန်နှင့် ၎င်း၏မျိုးစိတ်အသစ်များကို  ကူးစက်ဖြစ်ပွားမှုမရှိစေရေးအတွက် ရောဂါကာကွယ် ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၁၀ နာရီက မြောက်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အစိုးရနည်းပညာကောလိပ်(ကျောက်ဖြူ)၌ စတုတ္ထအကြိမ်မြောက် A.G.T.I ဒီပလိုမာအပ်နှင်းခြင်းအခမ်းအနားကျင်းပ
Feb 06,2023
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန အစိုးရနည်းပညာကောလိပ်(ကျောက်ဖြူ)၏ စတုတ္ထအကြိမ်မြောက် A.G.T.I ဒီပလိုမာ အပ်နှင်းသည့်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကောလိပ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ အစိုးရနည်းပညာကောလိပ်(ကျောက်ဖြူ) ကျောင်းအုပ်ကြီး ဒေါက်တာအောင်မွန်၊ ဒုတိယကျောင်းအုပ်ကြီး ဒေါက်တာဦးကျော်ငြိမ်းနှင့် အစိုးရနည်းပညာကောလိပ်မှ စီမံခန့်ခွဲရေးအဖွဲ့နှင့်ပညာရေးအဖွဲ့ဝင်များ တက်ရောက်ကြသည်။
မုဒုံမြို့နယ်တွင် (၇၆)ကြိမ်မြောက် မွန်အမျိုးသားနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများကျင်းပ
Feb 06,2023
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မွန်အမျိုးသားနေ့ကျင်းပရေးကော်မတီက ဦးစီးပြီး(၇၆)ကြိမ်မြောက် မွန်အမျိုးသားနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းက မုဒုံမြို့နယ် ထုံမံကျေးရွာ အားကစားကွင်းတွင် ကျင်းပသည်။
မင်းလှ၌ မြို့နယ်အခြေပြုလုပ်ငန်းခွင်အကြို ရက်တိုဆရာအတတ်ပညာသင်တန်းဖွင့်လှစ်ပို့ချ
Feb 06,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် မြို့နယ်အခြေပြုလုပ်ငန်းခွင်အကြို ရက်တိုဆရာအတတ်ပညာသင်တန်း (၁/၂၀၂၃)ဖွင့်လှစ်ပို့ချခြင်းကို အ.ထ.က မင်းလှ(မြို့ပြင်)ကျောင်းတွင်  ယနေ့နံနက် ၉နာရီချိန်က စတင်ဆောင်ရွက်ခဲ့သည်။
ပိုင်ကျုံမြို့ (အ.ထ.က)ကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်ပြသပေးခြင်းဆောင်ရွက်
Feb 06,2023
ကျောင်းသားလူငယ်များအား မူယစ်ဆေးဝါးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မူးယစ်ဆေးဝါး၏ဆိုးကျိုးများကို သိရှိစေရန်ရည်ရွယ်၍ ပညာရေးဌာနနှင့် ပြန်/ဆက်ဦးစီးဌာနတို့ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက ပိုင်ကျုံမြို၊ (အ.ထ.က)ကျောင်း၌ ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့ ဆုတောင်းပြည့်ဘုရားကြီးကျောင်း၌ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ
Feb 06,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ ဆုတောင်းပြည့်ဘုရားကြီးကျောင်းတိုက်ဂေါပကအဖွဲ့၏ ဦးဆောင်မှုဖြင့် နတ်မောက်မြို့နယ် ဒေသခံပြည်သူများစုပေါင်း၍ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ညနေ ၄ နာရီ အချိန်က ဆုတောင်းပြည့်စေတီတော်ရင်ပြင်တွင် ကျင်းပခဲ့သည်။
အ.ထ.က(ခွဲ)ငကျော်တောင်ကျောင်း၌ ၂၀၂၁-၂၀၂၂ပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲကျင်းပ
Feb 06,2023
ရခိုင်ပြည်နည်၊ သံတွဲမြို့၊ အခြခံပညာအထက်တန်းကျောင်း(ခွဲ) ငကျော်တောင်ကျောင်း၏ ၂၀၂၁-၂၀၂၂ပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီခွဲက အဆိုပါ ကျောင်း၌ကျင်းပပြုလုပ်သည်။
အ.ထ.က(လိပ်သို)ကျောင်း၌ သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေး လူတိုင်းပါဝင်ကူညီပေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်
Feb 06,2023
ကရင်ပြည်နယ်၊သံတောင်ကြီးမြို့နယ်၊လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် အခြေခံပညာအထက်တန်းကျောင်းတို့ပူးပေါင်း၍ “သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လူတိုင်းပါဝင်ကူညီပေး” အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းတို့ကို  ယနေ့နံနက် ၁၀ နာရီအချိန်က လိပ်သိုမြို့အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။