ကျောက်ဆည်မြို့တွင်(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကဗျာ၊ ပန်းချီ၊ ကာတွန်းပြိုင်ပွဲများကျင်းပ

ကျောက်ဆည် ဖေဖော်ဝါရီ  ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ခရိုင်ပြည်သူ့စာကြည့်တိုက်လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသား/ကျောင်းသူများ ပြည်ထောင်စုစိတ်ဓာများ ကိန်းအောင်းစေရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ တွေးခေါ်မှုစွမ်းရည်မြင့်မားရေး၊ စာဖတ်ရှိန်မြင့်မားရေးနှင့် ထူးချွန်ထက်မြတ်သော ကျောင်းသားလူငယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီခွဲက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကဗျာ၊ ပန်းချီ၊ ကာတွန်း ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲတွင်  အထက်တန်းအဆင့် ကဗျာ၊ ပန်းချီ၊ ကာတွန်းပြိုင်ပွဲများနှင့် မူလတန်းအဆင့် ပန်းချီပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပထမ၊ ဒုတိယ၊တတိယ ဆုရရှိသည့်ကျောင်းသား/ကျောင်းသူများအား ဖေဖော်ဝါရီလ (၁၂)ရက်နေ့ ကျောက်ဆည်မြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သဝဏ်လွှာ ဖတ်ပွဲအခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

သက်မောင်(ကျောက်ဆည်-ခရိုင်၊ ပြန်/ဆက်)