ချီဖွေ ဖေဖော်ဝါရီ ၆
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အကြို စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာဦး ဦးဂွါဇာလေးက ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံနှင့် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်ကို ကျောင်းသား၊ ကျောင်းသူများ အစဉ်အောက်မေ့ သတိရစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ စာပေဗဟုသုတများ တို့ပွားလာစေရန် ရည်ရွယ်၍ ယခုလိုပြိုင်ပွဲ၊ ပြပွဲများ ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် စိတ်ကြိုက်ပန်းချီပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ဥက္ကပ်ရပ်ကွက်၊ အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက မိမိတို့ စိတ်ကြိုက်ပန်းချီဆွဲခြင်းကို စိတ်ပါဝင်စားစွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ဦးစီးအရာရှိ ဦးဂွါဇာလေးနှင့် ဆရာမများက ဆုများအသီးသီး ပေးအပ်ခဲ့သည်။
ယင်းနောက် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတများ မျှဝေနိုင်ရန်၊ စာပေလေ့လာဖတ်ရှု့ခြင်းမှ အတွေးအခေါ်များ၊ ရည်မှန်းချက်များ မြင့်မားလာစေရန် စာအုပ်စာပေများ ချစ်ခင်မြတ်နိုးတတ်လာစေရန် သုတ/ရသစာအုပ်စာစောင်များကို ခင်းကျင်း ပြသထားရာ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှု့ခဲ့ကြောင်း သိရှိရသည်။
မေခမွန်(ပြန်/ဆက်)