ကြံခင်းမြို့တွင် (ရန်ကုန်အားကစားသိပ္ပံ)သင်တန်းသားများရွေးချယ်
Feb 07,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် နိုင်ငံတော်အတွက် အားကစားသမားကောင်းများ မွေးထုတ်ပေးနိုင်ရန်၊ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက (ရန်ကုန်အားကစားသိပ္ပံ) သင်တန်းသားများ ရွေးချယ်ခြင်းကို ယမန်နေ့နံနက်ပိုင်းတွင် ကြံခင်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရသည်။