ကန့်ဘလူမြို့နယ်ရှိ ရေလှောင်တမံများ၌ သဲနှုန်းတူးဖော်ခြင်း၊ ရေတံခါးတပ်ဆင်ခြင်းနှင့် ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ
Feb 07,2023
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်ရှိ ရေလှောင်တမံများ၌ သဲနှုန်းတူးဖော်ခြင်း၊ မြောင်း ဘောင်အားဖြည့်ခြင်း၊ ရေဟန့်များပြုပြင်ခြင်း၊ ရေတံခါးတပ်ဆင်ခြင်း၊ OMC မြောင်းဘောင်များတွင် လိုအပ်သောနေရာများ၌ ဂျင်းခင်းခြင်းနှင့် ကျောက်ကြီးလိုင်နင်စီခြင်း၊ ရေခွဲအဆောက်အအုံပြုပြင်ခြင်းနှင့် မြောင်းကူးတံတား ပြုပြင်ခြင်းလုပ်ငန်းများကို ဒီဇင်ဘာလဆန်းက စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၁၀၀ ရာခိုင်နှုန်းပြီးစီးမှုလုပ်ငန်း ၅ ခု၊ ၅၀ ရာခိုင်နှုန်းပြီးစီးမှုလုပ်ငန်း ၃ ခုနှင့် ၅၀ ရာခိုင်းနှုန်းအောက်ပြီးစီးမှုလုပ်ငန်း ၁ ခု အသီးသီး ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။