ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ထိုင်းနိုင်ငံမှ ရခိုင်ပြည်နယ်သို့ ပြန်လည်ရောက်ရှိလာသည့် နေရပ်ပြန် ပြည်သူများအား ကြိုဆို
Feb 06,2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏လမ်းညွှန်မှာကြားချက်အရ ထိုင်းနိုင်ငံတွင်ရောက်ရှိနေပြီး အကြောင်းအမျိုးမျိုး ကြောင့် မြန်မာနိုင်ငံသို့ ပြန်လာရန်အခက်အခဲကြုံတွေ့ခဲ့ရသော နေရပ်ပြန်မြန်မာ နိုင်ငံသား (၆၇၉)ဦး တို့အနက် ရခိုင်ပြည်နယ်မှ နေရပ်ပြန် မြန်မာနိုင်ငံသား (၁၁၁)ဦးတို့အား တပ်မတော်(ရေ)မှ စစ်ရေယာဉ် (အနော်ရထာ)ဖြင့် နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်မှ နေရပ်ပြန်မြန်မာနိုင်ငံသား ၈၀ ဦးတို့ သည် စစ်တွေမြို့၊ ရွှေမင်းဂံဆိပ်ကမ်းသို့ ရောက်ရှိလာရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်း တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက နွေးထွေးလှိုက်လှဲစွာလာရောက်ကြိုဆိုကြသည်။