သတင်းများ

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဌာပနာတော်သွင်းလှူပူဇော်နိုင်ရေး ညောင်ဦးမြို့နယ် ရွှေစည်းခုံစေတီတော်ကြီး အင်္ဂါထောင့် တန်ဆောင်းတော်၌ အလှူခံဌာနဖွင့်လှစ်ထားရှိရာသို့ အလှူရှင်များကလာရောက်လှူဒါန်း
Feb 07,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ မြန်မာပြည်အရပ်ရပ်မှ ခရီးသွားဘုရားဖူးများ အမြဲမပြတ်လာရောက်ဖူးမြော်လျက်ရှိကြရာ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် တည်ထားလျက်ရှိသည့်ရှိ ထိုင်တော်မူကျောက်ဆစ်ရုပ်ပွားတော်များအနက် ကမ္ဘာ့ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဌာပနာတော်သွင်းလှူပူဇော်နိုင်ရေးလှူဒါန်းနိုင်ရန် ရွှေစည်းခုံဘုရားကြီး အင်္ဂါထောင့် တန်းဆောင်းတော်တွင် အလှူခံဖွင့်လှစ်ထားရှိရာသို့ အလှူရှင်များက ဝတ္တုငွေများ၊ ရွှေစင်ရွှေသားများ လာရောက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
(၇၆) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနား ဟိုပန်၌ကျင်းပ
Feb 07,2023
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကျရောက်သော (၇၆)နှစ်မြောက်ရှမ်းပြည်နယ်နေ့အခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၊ ဝဏ္ဏကျော်ထင်စဝ်ခွန်ဆမ်ခန်းမတွင် ပြုလုပ်ခဲ့သည်။
လက်ပံတန်း၌ မြို့နယ်အခြေပြုလုပ်ငန်းခွင် အကြိုရက်တိုဆရာအတတ် ပညာသင်တန်းဖွင့်လှစ်ပို့ချ
Feb 07,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် မြို့နယ်အခြေပြုလုပ်ငန်းခွင်အကြိုရက်တို ဆရာအတတ်ပညာသင်တန်း (၁/၂၀၂၃)ကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ပညာရေးမှူးရုံးခန်းမတွင် ဖွင့်လှစ်ဆောင်ရွက်ခဲ့သည်။ သင်တန်းဖွင့်ပွဲတွင် မြို့နယ်ပညာရေးမှူး ဒေါ်ဥမ္မာဦးက အဖွင့်အမှာစကားပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်ကြည်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားသည်။
ဓနုဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Feb 07,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre ခန်းမတွင် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၂နာရီအချိန်က ကျင်းပခဲ့သည်။
မင်းဘူးမြို့၌ လူမှုရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Feb 07,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက လူမှုရေးရာ အသိပညာပေးဟောပြောပွဲကို ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမ (၃၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျိုင်းတုံတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘော်လီဘောအားကစားပြိုင်ပွဲကျင်းပ
Feb 07,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘော်လီဘောအားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက ကျိုင်းတုံတက္ကသိုလ် ဓမ္မိလပ်အားကစားရုံ၌ ကျင်းပသည်။
ဘားအံမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲကျင်းပ
Feb 07,2023
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲကို ဘားအံမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းခန်းမနှင့် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းခန်းမတို့တွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရသေ့တောင်မြို့ရှိ နေအိမ်များ မီးဘေးလုံခြုံရေးအတွက်  တစ်အိမ်တက်ဆင်း မီးသတိမူရေး ကွင်းဆင်းစစ်ဆေး
Feb 07,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြုံတွေ့လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယမန်နေ့နံနက် ၁၁ နာရီ  အချိန်က ရသေ့တောင်မြို့ အရှေ့တောင်ရပ်ကွက်ရှိ ပုပ္ပါရုံ ဘုန်းတော်ကြီးကျောင်းတွင် ယာယီနေရပ်စွန့်ခွာသူများ စခန်းတွင် မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း အကြံပြုစစ်ဆေးခြင်းနှင့် ဆီမီးလောင်မှုအား မီးသတ်ဆေးဘူးဖြင့် လက်တွေ့ မီးငြိမ်းသတ်ပြသခြင်းအား မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးလူမော်နှင့် တပ်ဖွဲ့ဝင်များက လက်တွေ့သရုပ်ပြခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။