စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲ အ.ထ.က (မြို့မ) ကျောင်း၌ ကျင်းပ
Feb 07,2023
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် ပူပြင်းခြောက်သွေ့သော နွေရာသီ၌ ကျောင်းသား၊ ကျောင်းသူများ မီးဘေးလုံခြုံရေး မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေးနှင့် မီးလောင်ရာတွင် မီးသတ်ဆေးဘူး အသုံးပြုတတ်စေရန်ရည်ရွယ်၍ စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်က အ.ထ.က (မြို့မ ) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။