ကျောင်းကုန်းမြို့၌ ပြည်သူကိုဗဟိုပြုသော ရဲလုပ်ငန်းစနစ် အကောင်အထည်ဖော်ဆောင်ရွက်မှု သိကောင်းစရာများရှင်းလင်း

ကျောင်းကုန်း ဇူလိုင် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အေးချမ်းသာယာခန်းမ၌ ပြည်သူကိုဗဟိုပြုသော ရဲလုပ်ငန်းစနစ် အကောင်အထည်ဖော်ဆောင်ရွက်မှု သိကောင်းစရာရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုဦးက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်ဇော်က ပြည်သူဗဟိုပြုရဲလုပ်ငန်းစနစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးပရိုဂျက်တာဖြင့် ရှင်းလင်းတင်ပြခဲ့သည်။ မှတ်တမ်း တင် ဓာတ်ပုံရိုက်ကူးခဲ့ပြီး၊မိတ်ဖက်အဖွဲ့များဖြင့် စကားဝိုင်းပုံစံဆွေးနွေးခဲ့ကြသည်။

အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများ၊ ဘာသာရေးခေါင်းဆောင်များ၊ ပရဟိတလူမှု‌ရေးအဖွဲ့များ၊ ကျောင်းသားလူငယ်များ၊ အသင်းအဖွဲ့များ၊  ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)