သီပေါ ဇူလိုင် ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲ၊ စာအုပ် စာစောင်ပြပွဲနှင့် ပြိုင်ပွဲများကို ယနေ့နံနက်(၉)နာရီက ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နီလာစိုးက အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများ ပြုလုပ်ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်၊ လူကုန်ကူးမှုနှင့်ပတ်သက်သော အကြောင်းအရာများ၊ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်မှ ဒုရဲအုပ် ကျော်ဇင်မိုးက ယာဉ်စည်းကမ်း၊ လမ်းစည်များနှင့်ပတ်သက်၍ ရှောင်ရန်၊ ဆောင်ရန်များကို လည်းကောင်း အသီးသီး ဟောပြောသည်။
ဆက်လက်၍ ပုံတူပန်းချီဆွဲပြိုင်ပွဲနှင့် မြန်မာစကားပုံဆက်ပြိုင်ပွဲများကို ဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများနှင့် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုနှင့် လက်ဆောင်များအား တာဝန်ရှိသူများက အသီးသီးပေးအပ် ခဲ့ကြသည်၊၊
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော မူးယစ်ဆေးဝါးနှင့်ပတ်သက်သော အသိပညာပေး နံရံကပ်စာစောင်နှင့် ဓာတ်ပုံများ၊ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်နှင့် ဓာတ်ပုံများ၊ စာအုပ်၊ စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာမှတ်သားကြည့်ရှုခဲ့ကြကြောင်းနှင့် အဆိုပါ အသိပညာပေး ဟောပြောပွဲနှင့်ပြပွဲ၊ ပြိုင်ပွဲသို့ အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်းခွဲမှ G-6 ကျောင်းသား၊ ကျောင်းသူ (၃၀) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)