သရက်မြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးအပ်ပွဲ ကျင်းပ

သရက် ဇူလိုင် ၂၁

မကွေးတိုင်းဒေသကြီး၊သရက်မြို့၌လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ သရက်မြို့နယ်ဦးစီးမှူးရုံးမှ လမင်းစီမံချက်ဖြင့် အုတ်ဖိုတိုက်ဘုန်းတော်ကြီးကျောင်းတွင် ရွှေ့ပြောင်းကျောင်း (၂၁) မှ ကျောင်းသား၊ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။

အဆိုပါ လမင်းစီမံချက်ကို ကွင်းဆင်းဆောင်ရွက်ပေးနေမှုကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ် (၁) ဦးကျော်ကျော်နှင့် အမှတ် (၂) ဒေါက်တာညိုဝင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္က္ဌ ဦးအောင်ကိုနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသူရနှင့် မြို့နယ်ဦးစီးမှူးတို့က ကြည့်ရှုအားပေးခဲ့ပြီး ရွှေ့ပြောင်းကျောင်း (၂၁) မှ အသက် (၁၀) နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူ (၁၆၄) ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများကို လက်ဝယ်အရောက် နေ့ချင်းပြီး ဆောင်ရွက်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)