ဝေးလံခေါင်ဖျားဒေသသတင်းများ

Aug 25,2020
ချင်းပြည်နယ်၊ ဖလမ်းခရိုင် တီးတိန်မြို့နယ် ခိုင်ကမ်းမြို့တွင် ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက်လုပ်ငန်းစဉ်အရ ပုံမှန်ဝင်ငွေမရရှိသော အိမ်ထောင်စုများအား နိုင်ငံတော်မှ ဒုတိယအကြိမ် ငွေသားကျပ်နှစ်သောင်းတိတိ ထောက်ပံ့ပေးအပ်ခဲ့သည်။
Aug 25,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Aug 25,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်ရှိ မီးဘေးသင့်အိမ်ထောင်စုအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ထောက်ပံ့ငွေနှင့် အိမ်သုံးပစ္စည်းများကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေး အပ်ခဲ့သည်။
Aug 25,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာရေးဆရာ ကျော်ဝင်း၏ "နှစ်ဆယ့်တစ်ရာစု သားရွှေဥ" စာအုပ်ဖြင့် Book Club အဖွဲ့ဝင်များ၊ ဆရာမနှင့် ကျောင်းသား/ကျောင်းသူများ ဖိတ်ခေါ်၍ ယမန်နေ့ မွန်းလွဲ(၃)နာရီအချိန်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
Aug 25,2020
ကိုဗစ်-၁၉ ရာဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ထိရောက်မှုရှိစေရေး ချီဖွေမြို့နယ် အတွင်းရှိ စည်ပင်သာယာစျေးအတွင်း စျေးရောင်းချသူများနှင့် စျေးဝယ်သူများ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များအား လိုက်နာမှုမရှိသူများကို မြို့နယ် စည်ပင်သာယာရေး အဖွဲ့ဝန်ထမ်းများက နေ့စဉ် လိုက်လံစစ်ဆေး အရေးယူမှုများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
Aug 25,2020
ကျောင်းသား လူငယ်လူရွယ်များ စာပေဗဟုသုတ တိုးပွားစေရန်နှင့် ပြည်သူ့စာကြည့်တိုက်ကို အသုံးပြုတတ်လာစေရန် ရည်ရွယ်၍ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပသည်။
Aug 25,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်တွင် အာဟာရရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် အသက်(၆)လမှ (၅)နှစ်အောက်ကလေးများအား Vitamin A နှင့် သန်ချဆေး တိုက်ကျွေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီက ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ခဲ့သည်။
Aug 25,2020
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့ဒေသအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်း စားများဖြစ်သည့် အိမ်ထောင်စု(၁၇၁၂)စုတို့အတွက် နိုင်ငံတော်မှ ဒုတိယအကြိမ် အဖြစ် တစ်အိမ်ထောင်လျှင် ငွေကျပ်နှစ်သောင်းစီကို ယနေ့နံနက်(၉)နာရီက အိမ်‌တိုင်ရာရောက် ထောက်ပံ့‌ပေးအပ်ခဲ့ကြောင်း သိရသည်။