Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
ဖားကန့် လယ်ပြင်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားမဝင်ကျောက်စိမ်းရိုင်းများ ဖမ်းဆီးရမိ
Aug 27,2020
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှ ကာမိုင်းမြို့သို့အထွက် လုံးခင်းကျေးရွာ၊ လယ်ပြင် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ (၆)ဘီးကားဖြင့် ပေပါပုံးများအတွင်းဝှက်၍ တရားမဝင် သယ်ဆောင်လာသည့် ကျောက်စိမ်းရိုင်း အရွယ်အစားဆိုဒ်စုံ (၉၈)အိတ်၊ (၃၄၇၀)ကီလိုခန့် အား ယမန်နေ့နံနက် (၆)နာရီခွဲခန့်တွင် ဖမ်းဆီးရမိခဲ့ကြောင်း လုံးခင်းနယ်မြေရဲစခန်းမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘောလခဲခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လှုပ်လှုပ်ရှားရှားအားကစား အစီအစဉ်ဖြင့် အားကစား ပစ္စည်းများ ပံ့ပိုးပေးအပ်
Aug 27,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ပြည်သူလူထု၏ အားကစားလှုပ်ရှားမှု စဉ်ဆက်မပြတ်စေရေး ရည်ရွယ်၍ လှုပ်လှုပ်ရှားရှားအားကစား အစီအစဉ်ဖြင့်
အပြည့်အစုံ ဖတ်ရန်
တီးတိန်မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုဘေးသင့် အိမ်ထောင်စု(၃)စုအား ထောက်ပံ့ငွေများပေးအပ်
Aug 26,2020
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၌ သြဂုတ်လ ၂၀ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုဘေးသင့် အိမ်ထောင်စု (၃)စုအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ တီးတိန်မြို့နယ် ဦးစီးမှူး ဦးဇော်လင်းထွေးက ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တွန်းဇံ၌ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ အခြေခံမဲစာရင်းများ ကွင်းဆင်း စစ်ဆေး
Aug 26,2020
ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မကျန်ရှိစေရေး အတွက် မဲစာရင်းတိကျ မှန်ကန်မှုရှိရေး ဆောင်ရွက်မှုများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆလိုင်းထောင်က ၂၀၂၀ ပြည့်နှစ်၊ ယနေ့ နံနက် ၁၁ နာရီအချိန်တွင် ကွင်းဆင်း စစ်ဆေးခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကန်ပက်လက်၌ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်း
Aug 26,2020
မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနရုံးက အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့တွင် ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန၊ လူငယ်သင်တန်းကျောင်းနှင့် ကန်ပက်လက် မြို့ အ.ထ.က (ခွဲ) စာသင်ကျောင်းတို့၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
တွန်းဇံမြို့၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Aug 26,2020
မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
တွန်းဇံမြို့ အဝင်/အထွက်ဂိတ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးကျန်းမားရေး စစ်ဆေးခြင်းများ ဆောင်ရွက်
Aug 26,2020
ချင်းပြည်နယ်၊ တွန်းဇံမြို့တွင် မြို့အဝင်/အထွက်ဂိတ်၌ ပြန်လည်ဖွင့်လှစ်ပြီး တွန်းဇံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရးအတွက် ယနေ့ နံနက်(၈)နာရီမှ စတင်ပြီး ကျန်းမာရေးစစ်ဆေးမှုများကို ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
လွယ်ဂျယ်မြို့၌ စားသောက်ဆိုင်များအား လမ်းညွှန်ချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေး
Aug 26,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့ရှိ စားသောက်ဆိုင်များအား ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ရောင်းချခြင်း ရှိ /မရှိ ကို ယနေ့ နံနက်(၁၀)နာရီတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေး၊ စည်ပင်၊ မီးသတ်ဦးစီးဌာနနှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
221
Page
222
Page
223
Page
224
Current page
225
Page
226
Page
227
Page
228
Page
229
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department