ဝေးလံခေါင်ဖျားဒေသသတင်းများ

Aug 27,2020
ဟားခါးခရိုင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၀) ကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ဟားခါးမြို့၊ ခရိုင်အထွထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ရာ ဟားခါးခရိုင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦး၊ ဟားခါးခရိုင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူး ပြည်နယ်လူမှု ဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်သူဇာနှင့် ခရိုင်အဆင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအဖွဲ့ဝင်များ၊ မိတ်ဖက်လူမှု အဖွဲ့အစည်းများနှင့် NGO အဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
Aug 27,2020
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့၌ ပြည်သူများ အိမ်အပြင်ထွက်သူတိုင်း နှာခေါင်းစည်း(Mask) မတပ်ဆင်သူများအား အခုဝယ်အခုတပ် ဒဏ်ပေး စနစ်ဖြင့် ယမန်နေ့ ညနေ(၃)နာရီတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 27,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့စျေးအတွင်း၌ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အသိပညာပေးပြောကြားပြီးMasks များအခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက် ၇ နာရီတွင် ဆောင်ရွက်ခဲ့သည်။
Aug 27,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လူစည်ကားရာ နေရာများဖြစ်သော စည်ပင်သာယာစျေးအတွင်း ယနေ့နံနက် ၆ နာရီတွင် စျေးရောင်း/ဝယ် လာသော ပြည်သူအများကို ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးအတွက် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
Aug 27,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်အတွင်းရှိ (Cash For Work) စီမံကိန်းရန်ပုံငွေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျေးရွာများ သို့ ကချင်ပြည်နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်လင်းအောင်နှင့် တာဝန်ရှိသူများက သြဂုတ်လ (၂၂) ရက်နေ့မှ သြဂုတ်လ (၂၆) ရက်နေ့အထိ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Aug 27,2020
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် ထန်တလန်မြို့သို့ ၀င်ရောက်လာသူများအား မြို့အ၀င်လိုင်ပေါင်းလုံဂိတ်တွင် ခရီးသွားပြည်သူများကို လက်ဆေးခြင်းနှင့် ကိုယ်အပူချိန် တိုင်တာခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Aug 27,2020
ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏လမ်းညွှန်မှုဖြင့် ဟားခါးမြို့ ပြည်တော်သာရပ်ကွက်၊ ဟားခါး-ဂန့်ဂေါလမ်း တန်ပိုစစ်ဆေးရေးဂိတ်နှင့် ဟားခါး−ဖလမ်း−ကလေးလမ်း စစ်ဆေးရေးဂိတ်များတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် နိုင်​​​​​ရေး ကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများကို ယနေ့ နံနက် ၇ နာရီ မှ စတင်၍ တာဝန်ရှိ သူများက ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Aug 27,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့်ရရှိရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ လမ်းညွှန်မှုနှင့်အတူ ခိုင်ကမ်းမြို့အတွင်း မဲစာရင်းပြည့်စုံမှန်ကန်မှုရှိရေးတို့အတွက် တီးတိန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် နှစ်ဦးနှင့်အတူ မြို့အုပ်ချုပ်ရေးမှူး ခိုင်ကမ်းမြို့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ရပ်ကျေးရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့်အတူ Door to Door စနစ်ဖြင့် တစ်အိမ်တက်ဆင်း မဲစာရင်း စစ်ဆေးခြင်း လုပ်ငန်းများကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။