Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
ဖလမ်းမြို့နယ်၊ ခေါ်ပွာလ်ကျေးရွာ၌ အရန်မီးသတ်တပ်ဖွဲ့ အကြို သင်တန်းဖွင့်လှစ်
Aug 25,2020
ဖလမ်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ဖလမ်းမြို့နယ်၊ ခေါ်ပွာလ်ကျေးရွာ၌ ဖွင့်လှစ်သည့် အရန်မီးသတ် တပ်ဖွဲ့အကြို သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါကျေးရွာ နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်း ခန်းမ၌ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
တွန်းဇံမြို့၌ မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်မှုရှိစေရေးအတွက် အိမ်တိုင်ရာရောက် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်
Aug 24,2020
၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တွန်းဇံမြို့နယ်အတွင်းရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မကျန်ရှိစေရေးအတွက် မဲစာရင်းတိကျမှန်ကန်မှုရှိစေရန် မဲစာရင်းစိစစ်ရေးအဖွဲမှ ၂၀၂၀ ပြည့်နှစ်၊ ယနေ့ နံနက် ၉ နာရီအချိန်မှ စတင်၍ ကွင်းဆင်း စစ်ဆေးမှုများကို ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တီးတိန်မြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဆောင်ရွက်
Aug 24,2020
ချင်းပြည်နယ်၊တီးတိန်မြို့တွင် အမှတ် (၁၆)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ(ချင်း)မှ ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ယာဉ်ထိန်းရဲတပ်ဖွဲ့စု (၁၀၃)တပ်ဖွဲ့စိတ် (တီးတိန်)မှ ယာဉ်ထိန်းရဲအုပ် လန့်အင်းခွာလ် ဦးဆောင်ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလုပ်ငန်းကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်ဂျန်းယန်၌ အသက်(၆)လမှ အသက်(၅)နှစ်အောက်ကလေးများအား Vitamin A နှင့် သန်ချဆေး တိုက်ကျွေး
Aug 24,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်တွင် အာဟာရ ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် အသက်(၆)လမှ (၅)နှစ်အောက် ကလေးများအား Vitamin A နှင့် သန်ချဆေးတိုက်ကျွေးခြင်းကို ယနေ့ နံနက်(၉)နာရီတွင် ပြည်သူ့ဆေးရုံ၌ တိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လက်ထောက်စာရင်းစစ်မှူးများ လုပ်ငန်းကျွမ်းကျင်မှု သင်တန်းဖွင့်လှစ်
Aug 24,2020
ကချင်ပြည်နယ်စာရင်းစစ်ရုံး၏ လက်ထောက်စာရင်းစစ်မှူးများအတွက် စာရင်းစစ်လုပ်ငန်းများ ကျွမ်းကျင်မှု ရှိစေရေး ရည်ရွယ်၍ လက်ထောက်စာရင်းစစ်မှူးများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ သင်တန်းအမှတ်စဉ် (၅၁) သင်တန်းကို (၂)လကြာဖွင့်လှစ်သွားမည်ဖြစ်ရာ ယနေ့နံနက် ၉ နာရီက အဆိုပါ သင်တန်းဖွင့်ပွဲကို ပြည်နယ် စာရင်းစစ်ချုပ်ရုံး၊ အစည်းအဝေးခန်းမ -၂ ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကာမိုင်းမြို့လမ်းဆုံဂိတ်၌ ကိုဗစ်-၁၉ရောဂါ မပေါ်ပေါက်စေရေးအတွက် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်
Aug 24,2020
ကိုဗစ်-၁၉ရောဂါ ဒုတိယလှိုင်း မပေါ်ပေါက်စေရေးအတွက် ကာကွယ်ထိန်းချုပ်ရေး အနေဖြင့် အနယ်နယ် အရပ်ရပ်မှ ဝင်ရောက်ဖြတ်သန်း သွားလာလျက်ရှိသော ခရီးသွားပြည်သူများနှင့် ယာဉ်မောင်းများအား ကချင်ပြည်နယ် ဖားကန့် မြို့နယ် ကာမိုင်းမြို့လမ်းဆုံဂိတ်၌ ယနေ့နံနက် ၆ နာရီက အရှိန်အဟုန်မြှင့်တင် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟားခါးမြို့နယ်အတွင်း Door to Door စနစ်ဖြင့် တစ်အိမ်တက် တစ်အိမ်ဆင်း မဲစာရင်း စိစစ်ခြင်းများ ဆောင်ရွက်နိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးကျင်းပ
Aug 24,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွ ရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လမ်းညွှန်မှုနှင့်အတူ ဟားခါးမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ သက်ဆိုင်ရာရပ်ကွက် ကျေးရွာကော်မရှင်ရုံး များနှင့် ဟားခါးမြို့ အများပြည်သူ သွားလာသည့် လမ်းမကြီးများဘေးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အမည်စာရင်းကြေညာမှုများအား ပထမအကြိမ် ဆောင်ရွက်ပေးခဲ့ပြီးနောက် မဲစာရင်းများပြည့်စုံ မှန်ကန်မှု ရှိစေရေး ဟားခါးမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ၏ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ Door to Door စနစ်ဖြင့် တစ်အိမ်တက် တစ်အိမ်ဆင်း မဲစာရင်း စိစစ်ခြင်းများအား ဆက်လက်ဆောင်ရွက်သွားနိုင်ရေး တွေ့ဆုံရှင်းလင်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီက ဟားခါးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၊ အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရေဇွာ၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် အိမ်တိုင်ရာရောက်ကွင်းဆင်း စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်
Aug 24,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် အတွက် ရေဇွာမြို့ ရပ်ကွက်(၄)ကွက်တွင် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ မကျန်ရှိစေရေးနှင့် မဲစာရင်းတိကျမှန်ကန်မှုရှိစေရန် မဲစာရင်းစိစစ်ရေး အဖွဲ့မှ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းကို သြဂုတ်လ(၂၁)ရက်နေ့မှ စတင်၍ (၂၅)ရက်နေ့အထိ (၅)ရက်အတွင်း အပြီးစိစစ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
225
Page
226
Page
227
Page
228
Current page
229
Page
230
Page
231
Page
232
Page
233
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department