ရှင်ဗွေယန် ဩဂုတ် ၂၇
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လူစည်ကားရာ နေရာများဖြစ်သော စည်ပင်သာယာစျေးအတွင်း ယနေ့နံနက် ၆ နာရီတွင် စျေးရောင်း/ဝယ် လာသော ပြည်သူအများကို ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးအတွက် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး လုပ်ငန်းများအဖြစ် လူစည်ကားရာ နေရာများဖြစ်သော စည်ပင်သာယာစျေးသို့ စျေးရောင်း/ဝယ် ပြည်သူများအား နေအိမ်အပြင်ထွက်လျှင် နှာခေါင်းစည်း (mark)များ စနစ်တကျတပ်ဆင်ကြရန်၊ လက်ကိုဆပ်ပြာဖြင့် စက္ကန့်(၂၀)ကြာဆေးကြောရန်၊ လက်ကိုင်လော်စပီကာ များဖြင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေး ထုတ်ပြန် ကြေညာချက်များနှင့်အညီ သွားလာနေထိုင်ရန်နှင့် အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေး ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးဇော်အောင်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ နယ်မြေခံ ရဲစခန်းမှူး ရဲအုပ်ကျော်သူထက်နှင့်ဝန်ထမ်းများ၊ ပြည်သူ့ဆေးရုံ တာဝန်ခံဆရာဝန် ဒေါက်တာအောင်ဂျာ၊ ကျေးလက် ကျန်းမာရေး ဌာနခွဲမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ ဝန်ထမ်းများက ပူးပေါင်း၍ ပြည်သူများအား နေအိမ်အပြင် ထွက်လျှင် နှာခေါင်းစည်း (mark)များ တပ်ဆင်ကြရန်နှင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
လင်းသွယ်ဦး(မြို့ ပြန်/ဆက်)