လွယ်ဂျယ် သြဂုတ် ၂၇
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့စျေးအတွင်း၌ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အသိပညာပေးပြောကြားပြီးMasks များအခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက် ၇ နာရီတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လမ်းညွှန်ချက်များနှင့်အညီ စျေးအတွင်းရောင်းချစေခြင်း စျေးသည်လူများပြားသည့်နေရာဖြစ်သည်နှင့်အညီ လူတစ်ဦး တစ်ယောက်ခြင်းစီကစ၍ ရောဂါကာကွယ်ရေးကို စနစ်တကျ လိုက်နာဆောင်ရွက်ရန် စျေးသူစျေးသားများအား အသိပညာပေး ဆွေးနွေးခဲ့ကြပြီး စျေးသူ/စျေးသားများနှင့် စျေးဝယ်လာသူများအား Masks များ အခမဲ့ဖြန့်ဝေခြင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေး၊ မီးသတ်ဦးစီးဌာနနှင့် စည်ပင်ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းနိုင် (ပြန်/ဆက်)