ထန်တလန်မြို့အ၀င် လိုင်ပေါင်းလုံဂိတ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေး စစ်ဆေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ထန်တလန်  ဩဂုတ် ၂၇ 

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ထန်တလန်မြို့သို့ ၀င်ရောက်လာသူများအား မြို့အ၀င်လိုင်ပေါင်းလုံဂိတ်တွင် ခရီးသွားပြည်သူများကို  လက်ဆေးခြင်းနှင့် ကိုယ်အပူချိန် တိုင်တာခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ စစ်ဆေးရေးဂိတ်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့် ဦးဆောင်လျက် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီအဖွဲ့ဝင်များဖြစ်သော ထန်တလန်မြို့မရဲစခန်းမှ ဝန်ထမ်း(၂)ဦး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်း(၁)ဦး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်း(၂)ဦး၊ မြို့နယ်လဝကဦးစီးဌာနမှ ဝန်ထမ်း (၁)ဦး၊ Volunteer အဖွဲ့များမှ လူငယ်(၂)ဦးတို့မှ ထန်တလန်မြို့သို့ ၀င်ရောက်ဖြတ်သန်းလာသည့် ခရီးသွားပြည်သူများအား စတင်ထွက်ခွာ လာသည့်ဒေသနှင့် သွားရောက်မည့် ဒေသများကို မှတ်တမ်းရယူခြင်း၊ မြို့နယ်အတွင်း နေထိုင်ပါက နေထိုင်မည့် နေရပ်လိပ်စာများကို စိစစ်ပြီးမှ ဖြတ်သန်းသွားလာခွင့်ပြုခြင်းတို့ကို ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ထန်တလန်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအနေဖြင့် စစ်ဆေးရေး ဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် တာဝန်ကျဌာနဆိုင်ရာများက မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးကော်မတီဝင်များ လုပ်ငန်းညိုနှိုင်း အစည်ဝေးမှတ်တမ်းအမှတ်စဉ် ၃၂/၂၀၂၀ ၏ ဆုံးဖြတ်ချက်အရ ဆက်လက် ကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)