Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် မြို့နယ်ကျန်းမာရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး အစည်းအဝေးကျင်းပ
Sep 02,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် မြို့နယ်အဆင့် ကျန်းမာ ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက မြို့နယ် ပြည်သူ့ကျန်းမာရေး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တီးတိန်၌ နှာခေါင်းစည်း ၃၅၀၀ ကျော်အခမဲ့ဖြန့်ဝေ
Sep 02,2020
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းမှ စတင်၍ တီးတိန်မြို့နယ် ကိုဗစ်-၁၉ ရောဂါ တုံ့ပြန်ကာကွယ်ရေး အဖွဲ့ဦးဆောင်မှုဖြင့် ပြည်သူများထံသို့ နှာခေါင်းစည်း များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လဟယ်မြို့တွင် ကိုဗစ်-၁၉ ရောဂါတားဆီးကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ စားသောက်ဆိုင်၊ လ္ဘက်ရည်ဆိုင်များအား ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထား သော စည်းကမ်းချက်များနှင့်ညီ မညီစစ်ဆေး
Sep 02,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ မြို့နယ်အတွင်း ရောင်းချ ဖွင့်လှစ် နေသော လ္ဘက်ရည်ဆိုင်၊ စားသောက်ဆိုင်များအား
အပြည့်အစုံ ဖတ်ရန်
ချီဖွေမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်နိုင်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရေး ညှိနှိုင်းဆွေးနွေး
Sep 02,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၌ ယမန်နေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ အရေးပေါ်ထိန်းချုပ်၊ တုံ့ပြန်ရေး ကော်မတီမှ ဌာနဆိုင်ရာများ၊ ရပ်ကွက် နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဘာသာအသင်းတော်များနှင့် တွေ့ဆုံကာ ချီဖွေမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိ ဆောင်ရွက်ရမည့် ကိစ္စများနှင့် ပတ်သက်၍ ညှိနှိုင်း ဆွေးနွေးပွဲ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ချင်းပြည်နယ်အတွင်း လွှတ်တော်ကိုယ်စားလှယ်လောင်း (၂၁၀)ဦး ဝင်ရောက်ယှဉ်ပြိုင်မည်
Sep 02,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပြုလုပ်ကျင်းပ သွားမည်ဖြစ်ရာ ချင်းပြည်နယ်အတွင်းမှ လွှတ်တော်အသီးသီးသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကို သြဂုတ်လ ၃၀ ရက်နေ့ မှစ၍ ကြေညာခဲ့ပြီး ချင်းပြည်နယ် အတွင်း လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရေစုစုပေါင်း (၂၁၀)ဦးရှိကြောင်း ချင်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းတပ်၌ ဖွင့်လှစ်သော ကိုဗစ်-၁၉ Relief Package (1) ခရီးသွား လုပ်ငန်း(အခြေခံ) သင်တန်းဖွင့်လှစ်
Sep 02,2020
မင်းတပ်မြို့ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနရုံး၌ ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ၏ ကူညီပံ့ပိုးပေးမှုဖြင့် ဖွင့်လှစ်သည့် COVID-19 Relief Package (1) ခရီးသွားလုပ်ငန်း (အခြေခံ) သင်တန်း ဖွင့်လှစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနိုင်းမြို့နယ်၌ နေရပ်ပြန်ပြည်သူများအား Facility Quarantine (၂၁)ရက် ကန့်သတ်ထားရှိ
Sep 02,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် သြဂုတ်လ(၃၀)ရက်နေ့တွင် ပြည်ပမှ နေရပ်သို့ ပြန်လည် ရောက်ရှိလာသူ (၆)ဦးနှင့် သြဂုတ်လ(၃၁) ရက်နေ့တွင် ရန်ကုန်မှ ပြန်လည်ရောက်ရှိလာသူ (၁)ဦးတို့အား ကိုဗစ်-၁၉ရောဂါ ရှိ/မရှိ စောင့်ကြည့်စစ်ဆေးရန်အတွက် မြို့နယ်မနောကွင်း အတွင်းရှိ ခန်းမ၌ (၂၁)ရက် ကန့်သတ်ထားရှိကာ ကိုဗစ်-၁၉ရောဂါ ရှိ /မရှိ ဓာတ်ခွဲအတည်ပြု နိုင်ရေးအတွက် နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်တို့ရယူ စစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နောင်မွန်မြို့နယ်၊ ပန်နန်းဒင်မြို့တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း (၄၃)ဦး ၀င်ရောက် ယှဉ်ပြိုင်မည်
Sep 02,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပန်နန်းဒင်မြို့တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံအထွေထွေ ရွေးကောက်ပွဲကို နို၀င်ဘာလ (၈)နေ့တွင် ကျင်းပသွားမည်ဖြစ်ပါသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
214
Page
215
Page
216
Page
217
Current page
218
Page
219
Page
220
Page
221
Page
222
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department