Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
ချီဖွေမြို့နယ် မဲဆန္ဒနယ်များမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ကြေညာထား
Sep 01,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်မည့် ချီဖွေမြို့နယ် မဲဆန္ဒနယ်များမှ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို မြို့နယ်ရွေး ကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ယမန်နေ့နံနက် (၁၀) နာရီခွဲအချိန်က ကပ်ထားကြေညာထားပြီး ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနိုင်းမြို့နယ်တွင် လွှတ်တော်အသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း အမည်စာရင်းများ ကပ်ထားကြေညာ
Sep 01,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက် အရွေးချယ်ခံမည့် ကိုယ်စား လှယ်လောင်းများ၏ အမည်စာရင်းကို ပုံစံ(၁၀) နှင့် ပုံစံ(၁၀-က)များဖြင့် သြဂုတ်လ (၃၀)ရက် နံနက် (၁၁)နာရီအချိန်ကစတင်၍ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် ကြော်ငြာဘုတ်တွင် ကပ်ထားကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
တနိုင်းမြို့မဈေးကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ စစ်ဆေး
Sep 01,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေချိန်အတွင်း မြို့မဈေးကြီးအတွင်းနှင့် ပျံကျဈေးသည်/ဈေးဝယ်များ ရောဂါပိုးကူးစက်ပြန့်ပွားမှု မရှိစေဘဲ အခြေခံစားသောက်ကုန်များ ဘေးအန္တရာယ်ကင်းရှင်းစွာ ရောင်းဝယ်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့် အညီလိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိကို ဩဂုတ်(၃၀)ရက်နေ့ နံနက်ပိုင်းက အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မယ်စဲ့မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင် အသိပညာပေးသင်တန်းပို့ချ
Aug 31,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ် ပြည့်ပြီးသော အမျိုးသားလူမှုရေးပင်စင် ရရှိရေးနှင့်ပတ်သက်၍ လူမှုရေးပင်စင် အသိပညာပေး သင်တန်းကို ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပြုလုပ်ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပင်၌ ကိုရိုနာဗိုင်းရပ်ရောဂါ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်
Aug 31,2020
ကချင်ပြည်နယ်၊ မိုညှင်းခရိုင်၊ ဟိုပင်မြို့၌ ကိုရိုနာဗိုင်းရပ်ရောဂါ ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှု မဖြစ်စေရေးနှင့် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက် ၇ နာရီက လူစည်းကားရာနေများဖြစ်သော ဟိုပင်မြို့ မြို့မစျေး၊ ကားဂိတ်နှင့် ရွှေဘို- မြစ်ကြီးနားလမ်း ပြည်ထောင်စုလမ်းမကြီး အ.ထ.က ဟိုပင်ကျောင်းရှေ့တို့တွင် နှာခေါင်းစည်း(Mask) ၁၅၀၀ ခုကို မြို့အဆင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ၀င်များနှင့် လူမှုကူညီရေးကား အသင်း ဥက္ကဋ္ဌ ဦးတင်ဝင်းနှင့် အဖွဲ့ဝင်များက အခမဲ့ ဖြန့်ဝေ တပ်ဆင်ပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကိုကိုးကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပြည်သူများသို့ မကူးစက်စေရေး အသိပေးဆောင်ရွက်
Aug 31,2020
တောင်ပိုင်းခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပြည်သူများ ကူးစက်မှုမရှိစေရေးအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ ၄ နာရီခွဲအချိန်တွင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများက မြို့နယ်အတွင်း မော်တော်ယာဉ်ဖြင့် ပြည်သူများ လိုက်နာဆောင်ရွက်နိုင်ရန် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြသည်၊၊
အပြည့်အစုံ ဖတ်ရန်
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့ဝင်စစ်ဆေးဂိတ်များ ပြန်လည်ဖွင့်လှစ်
Aug 31,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ရှင်ဗွေယန်၊ ပန်ဆောင်၊ ဒုံဟီးလမ်းဆုံ၊ နေရာ၌ ကျန်းမာရေး စစ်ဆေးဂိတ်ကို ပြန်လည်ဖွင့်လှစ်ပြီး ခရီးသွားပြည်သူများအား ကျန်းမာရေး စစ်ဆေးရေး လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖားဆောင်းမြို့နယ်တွင် အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၄င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေပေးအပ်
Aug 28,2020
ကယားပြည်နယ်၊ဖားဆောင်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ခြင်းနှင့် ကိုယ်ဝန်ဆောင် မိခင်များနှင့် ၄င်းတို့မှ မွေးဖွားလာသည့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ငွေပေးအပ်ခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က ဖားစည် သံလွင်ခန်းမ၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
216
Page
217
Page
218
Page
219
Current page
220
Page
221
Page
222
Page
223
Page
224
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department