တနိုင်း စက်တင်ဘာ ၂
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေး အတွက် စားသောက်ဆိုင်များအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော သတ်မှတ်ထားသော စည်ကမ်းချက်နှင့်အညီ ဆောင်ရွက်မှု ရှိ/မရှိကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က မြို့နယ် စည်ပင်သာယာရေး ဖွဲ့ဝန်ထမ်းများမှ စစ်ဆေးဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားစာများ ထပ်မံဖြန့်ဝေ ပေးခြင်း၊ လိုက်နာဆောင်ရွက်မှု မရှိပါက အရေးယူခံရမည်ကို သိရှိကြောင်း လက်မှတ်ရေးထိုးစေခြင်းဖြင့် သတ်မှတ် စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်နိုင်စေရန် တို့အတွက် မြို့နယ် စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများမှ အသိပညာပေး ပြောကြားခြင်းနှင့် စစ်ဆေးဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စိုင်းထင်ကျော်(ပြန်/ဆက်)