ချီဖွေမြို့နယ်အတွင်း ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်း လုပ်ငန်းများဆောင်ရွက်

ချီဖွေ  စက်တင်ဘာ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်အတွင်းရှိ ()နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း၊ ကလေးငယ်များ ကိုယ်အလေးချိန်နှင့် ကျန်းမာရေး စစ်ဆေးခြင်းလုပ်ငန်းများကို ယနေ့ နံနက်()နာရီတွင်  ချီဖွေမြို့နယ် ပြည်သူ့ဆေးရုံ အစည်း အဝေးခန်းမ၌ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ  ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ကလေးငယ်များနှင့် မိခင်များအား ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရန်နှင့် လူစုလူဝေးမဖြစ်စေရန်  သတ်မှတ်ချက်များနှင့်အညီ ကလေးများအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ ကိုယ်အလေးချိန် ပေါင်ချိန်ပေးခြင်းနှင့် အလှည့်ကျဆေးထိုး၊ ဆေးတိုက်ပေခြင်းတို့ကို ဆောင်ရွက် ပေးခဲ့သည်။

အဆိုပါ ဆေးထိုးဆေးတိုက်ဆောင်ရွက်ရာတွင် မွေးကင်းစမှ အသက်()နှစ်ခွဲအထိ ကလေးငယ်များအား အသက်အရွယ်အလိုက် လစဉ်ဘီစီဂျီ၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန် အဆုတ်ရောင် ကာကွယ်ဆေး၊ ပုံမှန်ပိုလီယို ကာကွယ်ဆေး (ထိုးဆေး၊ အစက်ချ) ဝက်သက်၊ ဂျိုက်သိုး ကာကွယ် ဆေးနှင့် ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး စသည့်ဆေး ()မျိုး ကို ထိုးနှံ တိုက်ကျွေးခြင်းများနှင့် ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများ ဘေးအန္တရာယ် ကင်းစွာ ထိုးနှံတိုက်ကျွေးပေး နိုင်ရန်အတွက် မိဘများအနေဖြင့် ကျန်းမာရေးဌာန၏ လမ်းညွှန် ချက်များကို လိုက်နာဆောင်ရွက် ပေးနိုင်ရန် အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရရသည်။

ဇင်မာဝင်း(ပြန်/ဆက်)