Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
ဇလွန်မြို့နယ်တွင် နိုင်ငံတော်အစိုးရမှ ငါးမွေးတောင်သူများထံသို့ ငါးသားပေါက် ထောက်ပံ့ပေးအပ်
Sep 04,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခုနှစ်အတွက် COVID-19 Economic Relief Plan (CERP) အရ ငါးမွေးမြူရေးလုပ်ငန်း အဆင်ပြေစေရန်အတွက် နိုင်ငံတော်အစိုးရမှ ငါးမွေးတောင်သူများထံသို့ ငါးသားပေါက် ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်တွင် မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဖလမ်းမြို့ပေါ်ရှိ စားသောက်ကုန် ပစ္စည်းဆိုင်နှင့် အလှကုန်ပစ္စည်းဆိုင်များ ရှောင်တခင်စစ်ဆေး
Sep 04,2020
အစားအသောက်နှင့် ဆေးဝါးကွက်ကဲရေး ဦးစီးဌာန၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ယမန်နေ့ နံနက် ၁၀ နာရီမှစ၍ ဖလမ်းမြို့ပေါ်ရှိ စားသောက်ကုန်ပစ္စည်းဆိုင်နှင့် အလှကုန်ပစ္စည်း ဆိုင်(၇)ဆိုင်များအား ရှောင်တခင် စစ်ဆေးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရိခေါ်ဒါရ်မြို့နှင့် အနီးအနား ပတ်ဝန်းကျင်ကျေးရွာများတွင် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များမှ အရှိန်အဟုန်မြှင့် ဆောင်ရွက်
Sep 04,2020
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့နှင့် အနီးအနား ပတ်ဝန်းကျင်ကျေးရွာများတွင် ကိုဗစ် - ၁၉ ရောဂါကြိုတင် ကာကွယ်တားဆီးရေး ဆိုင်ရာ လုပ်ငန်းများကို ရိခေါ်ဒါရ်မြို့ နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များမှ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တီးတိန်၌ ကိုဗစ်- ၁၉ရောဂါ ကာကွယ်တားဆီးရေးနှင့် ဘေးကင်းလုံခြုံရေးရေး ရှောင်တခင်စစ်ဆေး
Sep 04,2020
ချင်းပြည်နယ်၊ တီးတိန်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးရေးနှင့် လုံခြုံဘေးကင်းရေးအတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်လဝကနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်းအဖွဲ့သည် စည်ပင်သာယာစျေး၊ လက်ဘက်ရည် ဆိုင်များနှင့် စားသောက်ဆိုင်များကို ယမန်နေ့ နံနက်ပိုင်းက ရှောင်တခင် စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆင်ဘိုမြို့တွင် ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေးအတွက် စားသောက် ဆိုင်များအား သတ်မှတ်စည်းကမ်းချက်နှင့်အညီ ဆောင်ရွက်ထားရှိရေး စစ်ဆေး ဆောင်ရွက်
Sep 04,2020
ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ဆင်ဘိုမြို့၌ ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေးအတွက် စားသောက်ဆိုင်များအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော စည်ကမ်းချက်နှင့်အညီ ဆောင်ရွက် မှု ရှိ/မရှိကို ယမန်နေ့နံနက် (၁၁) နာရီက မြို့စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့မှ အောင်ချမ်းသာရပ်ကွက်အတွင်းရှိ စားသောက်ဆိုင်များအား စစ်ဆေးဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဖလမ်း၌ ဖလမ်းစာပေနှင့် ယဉ်ကျေးမှုဆိုင်ရာ ပန်းချီပြိုင်ပွဲနှင့် စာပေပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း ဆောင်ရွက်
Sep 04,2020
စာပေနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အဓွန့်ရှည် ထိန်းသိမ်းနိုင်ရန်နှင့် စည်းလုံးညီညွှတ်မှု ပိုမို ခိုင်မာလာစေရန် ရည်ရွယ်ပြီး ချင်းရိုးရာဓလေ့များဖြစ်သည့် အသုံးအဆောင်ပစ္စည်းများနှင့် ရိုးရာအိမ်၊ တူရိယာ ပစ္စည်းများ အခြေခံ၍ ပြုလုပ်သော ပန်းချီပြိုင်ပွဲနှင့် စာပေပြိုင်ပွဲတွင် ဆုရရှိသူများကို စက်တင်ဘာ ၃ ရက် ညနေ ၄ နာရီခွဲက ဖလမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဆုများပေးအပ် ချီးမြှင့်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနိုင်းမြို့နယ်၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
Sep 04,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်နိုင် ရေးအတွက် အရှိန်မြင့်ဆောင်ရွက်လျက်ရှိရာ မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့သည် စည်ပင်သာယာမြို့မဈေးအတွင်း ဈေးရောင်း/ဈေးဝယ်သူများ Mask များတပ်ဆင်ခြင်း ရှိ/မရှိကို ယမန်နေ့နံနက်(၁၀)နာရီတွင် သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မချမ်းဘော့မြို့နယ်တွင် ပါတီကိုယ်စားလှယ်လောင်း အမည်များစာရင်းကြေညာ
Sep 04,2020
ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘော့မြို့နယ် မဲဆန္ဒနယ်မြေ (၂) ခုတွင် ဝင်ရောက် ယှဉ်ပြိုင် အရွေးခံမည့် ကိုယ်စားလှယ် လောင်းများ၏ အမည်စာရင်းများကို သြဂုတ်လ (၃၀) ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ကြေညာချက်ပုံစံ (၁၀) ဖြင့် ကြေညာထား ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
211
Page
212
Page
213
Page
214
Current page
215
Page
216
Page
217
Page
218
Page
219
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department