Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
မြို့လှတွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များ နှင့်အညီ ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံခြင်း လုပ်ငန်းများ ဆောင်ရွက်
Sep 04,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မြို့လှမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန် မှာကြားချက်များ နှင့်အညီ ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ကျေးလက် ကျန်းမာရေးဌာန ဆေးခန်းတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Home Quarantine ထားရှိသော အသွားအလာကန့်သတ် စောင့်ကြည့်ထားသူအား စားနပ်ရိက္ခာများ ထောက်ပံ့
Sep 04,2020
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ် ခိုင်ကမ်းမြို့တွင် ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် အမ်းမြို့နယ်မှ ရောက်ရှိလာသည့် ခရီးသည်တစ်ဦးက ခိုင်ကမ်းမြို့ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကုသ ကာကွယ်ရေး ကော်မတီအဖွဲ့သို့ သတင်းပေးပို့လာမှုကြောင့် ခရီးသည် တည်းခိုရာ မြို့သစ်တောဦးစီးဌာန အိမ်ရာတွင် Home Quarantine ထားရှိကာ အသွားအလာ ကန့်သတ် စောင့်ကြည့်ထား လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ပန်ဝါမြို့၌ နေရပ်ပြန် ပြည်သူများအား Facility Quarantine (၂၁)ရက် ကန့်သတ်ထားရှိ
Sep 04,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ပန်ဝါမြို့တွင် စက်တင်ဘာ(၃) ရက်နေ့တွင် တရုတ်နိုင်ငံမှ ပြန်လည် ရောက်ရှိလာသူ (၈)ဦးတို့အား ပန်ဝါနယ်စပ် ဝင်/ထွက် စစ်ဆေးရေးဂိတ်တွင် ပန်ဝါမြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လွင်၊ ပန်ဝါတိုက်နယ် ဆေးရုံးမှ ဆရာဝန် ဒေါက်တာဇော်ထက်ကိုကိုနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းအဖွဲ့တို့မှ ကျန်းမားရေး စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး၊ ကိုဗစ်-၁၉ရောဂါ ရှိ/မရှိ စောင့်ကြည့် စစ်ဆေးရန်အတွက် ပန်ဝါတိုက်နယ်ဆေးရုံး၌ (၂၁)ရက် ကန့်သတ်ထားရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တွန်းဇံမြို့၌ ကိုဗစ်-၁၉ရောဂါဆိုင်ရာ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်း ဆောင်ရွက်
Sep 04,2020
ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ(၄)ရက် ယနေ့ နံနက် ၉ နာရီအချိန်တွင် ကိုဗစ်-၁၉ရောဂါဆိုင်ရာ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း လုပ်ငန်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရှင်ဗွေယန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလှည့်လည် နှိုးဆော်
Sep 04,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်၊ ကာကွယ်၊ ထိန်းချုပ်ရေး၊ အရေးပေါ်တုံပြန်ရေးနှင့် ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းကို ယမန်နေ့ညနေ(၅)နာရီက မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်များအတွင်းသို့ သွားရောက်ကာ လှည့်လည်နှိုးဆော်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆွမ်ပရာဘွမ်မြို့နယ်၌ တိရစ္ဆာန်မွေးမြူရေးဟောပြောပွဲနှင့် တိရစ္ဆာန် ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်
Sep 04,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၊ ခင်ဒူကောင်ကျေးရွာ၌ ယမန်နေ့မွန်းလွဲ ၁ နာရီက တိရစ္ဆာန်မွေးမြူရေး ဟောပြောပွဲနှင့် တိရစ္ဆာန်ကာကွယ်ဆေး ထိုးနှံပေးခြင်းတို့ကို မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ချင်းရွှေဟော် နယ်စပ်ဂိတ်မှ နေရပ်ပြန်ပြည်သူ(၂၆)ဦး ထပ်မံဝင်ရောက်
Sep 04,2020
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ် ဂိတ်ပေါက်မှ နေ့စဉ် ဝင်ရောက်လျက်ရှိရာ စက်တင်ဘာလ ၂ ရက်နေ့၊ညနေ(၆)နာရီအချိန်က(၂၅)ဉီးနှင့် စက်တင်ဘာလ ၃ရက်နေ့ ယနေ့မွန်းလွဲ(၃)နာရီခွဲအချိန်က(၁)ဉီး စုစုပေါင်းနေရပ်ပြန်ပြည်သူ(၂၆)ဉီး ထပ်မံ ဝင်ရောက် လာခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြင်စလူမြို့တွင် အသက်(၂)နှစ်အောက် ကလေးများကို ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး
Sep 04,2020
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် မြို့အတွင်းရှိ အသက်(၂)နှစ်အောက် ကလေးငယ် များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးပေးခြင်း လုပ်ငန်းများကို ယနေ့ နံနက် ၉ နာရီက ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
210
Page
211
Page
212
Page
213
Current page
214
Page
215
Page
216
Page
217
Page
218
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department