ဖရူဆိုမြို့နယ်အတွင်းရှိ လူမှုရေးပင်စင်ခံစားရရှိသော သက်ကြီးဘိုးဘွားများနှင့် ကိုယ်ဝန်ဆောင်မိခင်များ၊ အသက်(၂)နှစ် အောက် ကလေးငယ်များအား အိမ်အရောက်ထောက်ပံ့ငွေ သွားရောက်ပေးအပ်

ဖရူဆို စက်တင်ဘာ ၃

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်အတွင်းရှိ လူမှုရေးပင်စင်ခံစားရရှိသော အသက် (၈၅) နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ် အောက် ကလေးသူငယ်များအား လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့က  အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့သို့ သွားရောက်ပေးအပ်ရာတွင် ဖရူဆိုမြို့နယ် ထီးပေါ်ဆိုကျေးရွာအုပ်စုအတွင်းရှိ  လူမှုရေးပင်စင် ခံစားရရှိသော အသက်(၈၅) နှစ် အထက် ဘိုးဘွား (၅)ဦးအတွက် တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ် (၁၅၀၀၀၀)နှင့် တတိယသုံးလ ပတ်အတွက် ကိုယ်ဝန်ဆောင်မိခင်(၂၅)ဦး၊ ကလေး(၄၉)ဦး စုစုပေါင်း (၇၄)ဦးအတွက် ထောက်ပံ့ငွေကျပ် (၃၃၃၀၀၀၀) နှင့် စတုတ္ထ သုံးလပတ် အတွက် ကိုယ်ဝန်ဆောင်မိခင် (၅၁) ဦး၊ ကလေး (၂၉) ဦး စုစုပေါင်း (၈၀)ဦးအတွက် ထောက်ပံ့ငွေကျပ် (၃၆၀၀၀၀၀)ကို လူမှု ဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများက အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

တောရယ်(ပြန်/ဆက်)