မော်ချီး​ဒေသ၌ စားသောက်ဆိုင်နှင့် ကုန်စုံဆိုင်များအား သတ်မှတ်စည်းကမ်းချက်နှင့်အညီ ရောင်းချရေး ညွှန်ကြားထားမှုအပေါ် လိုက်နာဆောင်ရွက်ခြင်း ရှိ /မရှိ ကွင်းဆင်းစစ်ဆေး

ဖား​ဆောင်း  စက်တင်ဘာ  ၄

ကယားပြည်နယ်၊ ဖား​​ဆောင်းမြို့နယ်၊ ​မော်ချီး​ဒေသ၌ ကိုရိုနာဗိုင်းရပ်စ်(COVID-19)ရောဂါ ကူးစက် ပြန့်ပွားမှု မဖြစ်ပေါ်စေရေး အရှိန် အဟုန်မပျက် ဆက်လက်ဆောင်ရွက်လျက်ရှိရာ စားသောက် ဆိုင်နှင့် ကုန်စုံဆိုင်များတွင် ကိုရိုနာဗိုင်းရပ်စ်(COVID-19)ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်နှင့်အညီ ဖွင့်လှစ်ရောင်းချရန် ညွှန်ကြားထားမှု အပေါ် လိုက်နာ ဆောင်ရွက်ခြင်း ရှိ /မရှိ ကွင်းဆင်း စစ်ဆေးခြင်းကို ယနေ့နံနက်(၁၁)နာရီအချိန်က ​​​မော်ချီး​ဒေသအတွင်းရှိ စား​သောက် ဆိုင် နှင့် ကုန်စုံဆိုင်များတွင် ဆောင်ရွက်ခဲ့ကြ​ကြောင်းသိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ​မော်ချီး​ဒေသ၊လိုခါးလို​တိုက်နယ်​ဆေးရုံမှ​ ဒေါက်တာရဲ​နောင်ကိုနှင့်ဝန်ထမ်း များ၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များ၊ရပ်/​ကျေးအုပ်ချုပ်​ရေးမှူးများနှင့်ရပ်/ ကျေး စာရေး တို့က ​မော်ချီး​​ဒေသရပ်ကွက်/​ကျေးရွာများရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် ကုန်စုံဆိုင် တို့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်နှင့်အညီ ဖြစ်စေရေး  ညွှန်ကြားထားမှုအပေါ် လက်ဆေး​ဘေစင်ဆောင်ရွက်ထားရှိမှု ရှိ/မရှိ၊  ဆိုင်ဝန်ထမ်းများ Mask တပ်ဆင်ခြင်း ရှိ/မရှိ၊ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များတွင် တစ်ဦးနှင့်တစ်ဦး COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး ဆောင်ရွက်ထားမှု ရှိ/မရှိ စသည့်အချက်များကို ကွင်းဆင်း စစ်ဆေးခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်​ရောဂါ(COVID-19)ကာကွယ်နိုင်ရန် အသိပညာ​ပေး ပိုစတာများကိုလည်း​ဖြန့်​ဝေ​ ပေးခဲ့​ကြောင်းနှင့် အဆိုပါစစ်​ဆေးသည့်ဆိုင်များသည် ညွှန်ကြားချက်နှင့်အညီ လိုက်နာ ဆောင်ရွက် ထားရှိကြောင်း သိရသည်။

နန်းသဲနု​အောင်(ဖား​ဆောင်း)