Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
လိုင်လင်းပီမြို့၌ ည(၁၂)နာရီမှ နံနက် (၄)နာရီအတွင်း "ညမထွက်ရအမိန့်" ထုတ်ပြန်ကြေညာချက်အား ပြည်သူများ သိရှိလိုက်နာနိုင်စေရေး အသိပညာပေး
Sep 17,2020
ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့၌ ကိုဗစ်-၁၉ ရောဂါကူစက်ခံရမှု မရှိစေရေးနှင့် အချိန်မီ ကာကွယ်ထိန်းချုပ်နိုင်ရေး ရည်ရွယ်ချက်တို့ဖြင့် ညမထွက်ရ ဒေသန္တရအမိန့်ကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ(၁၅)ရက်နေ့က မတူပီမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ ရုံးအမိန့်စာအမှတ် (၁၃/၂၀၂၀)ဖြင့် ထုတ်ပြန်ကြေညာခဲ့ရာ အဆိုပါ အမိန့်စာအား အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန်အတွက် လိုင်လင်းပီမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်လျက်ရှိ သည်။
အပြည့်အစုံ ဖတ်ရန်
ဆွမ်ပရာဘွမ်မြို့နယ်၌ ဆွမ်ပရာဘွမ်မြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ပေါ် စေရေး Mask Campaign ဆောင်ရွက်
Sep 17,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ် စေရေးအတွက် Mask Campaign ကို ယနေ့နံနက် ၁၁ နာရီခန့်က စည်ပင်ဈေးနှင့် ကျန်းမာရေးစစ် ဆေးရေးဂိတ်တွင် မြို့နယ်အဆင့်ကိုဗစ်-၁၉ ကူးစက် ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဦးဇာနည်တိုးနှင့် ကော်မတီဝင်များက ဖြန့်ဝေခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဆွမ်ပရာဘွမ်မြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများရွေးကောက်ပွဲဆိုင်ရာစွမ်းရည်မြှင့် ဆင့်ပွားသင်တန်းဖွင့်လှစ်
Sep 17,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွားသင်တန်းကို ယနေ့ နံနက် ၉ နာရီတွင် ဘန်ရူ ခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
တီးတိန်မြို့၌ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်(ခွဲ)ရုံး အဆောက်အဦသစ် တည်ဆောက်မှုလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
Sep 17,2020
ချင်းပြည်နယ်၊ တီးတိန်မြို့၌ တည်ဆောက်လျက်ရှိသည့် စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၊ တီးတိန်မြို့နယ်ဘဏ်(ခွဲ)ရုံး အဆောက်အဦသစ် တည်ဆောက်ခြင်း လုပ်ငန်း ယနေ့တွင် လုပ်ငန်းအားလုံး ရာနှုန်းပြည့် ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖလမ်း-ရိခေါ်ဒါရ် ကားလမ်းမရှိ ထိန်းစာန်းကျေးရွာ၌ လမ်းကြောင်းပြုပြင်နိုင်ရေး ကွင်းဆင်း ဆောင်ရွက်
Sep 17,2020
ချင်းပြည်နယ်၊ ဖလမ်းမြို့နှင့်ရိခေါ်ဒါရ် မြို့တို့အား ဆက်သွယ်ထားသည့် ဖလမ်း-ရိခေါ်ဒါရ် လမ်းကြောင်း ပြုပြင် ဆောင်ရွက်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ရိခေါ်ဒါရ်မြို့ အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်ဦးဆောင်ပြီး လမ်းဦးစီးဌာနတာဝန်ခံ ဒေါ်မိုင်မာလာ၊ ရိခေါ်ဒါရ်မြို့ စည်ပင်သာယာရေး ကော်မတီအဖွဲ့မှ ဦးဆလိုင်းသိန်းဌေးလွင်၊ ရိခေါ်ဒါရ်မြို့ အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးချန့်လျန်နာ၊ အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဒေးဗစ်နှင့် လမ်းဦးစီးဌာနမှ အငယ်တန်းအင်ဂျင်နီယာ (၃) ဦးဗျားဇမုန်တို့အဖွဲ့သည် ယမန့်နေ့ က ဖလမ်းမြို့နယ်၊ ထိန်းစာန်း ကျေးရွာအနီး၌ နယ်မြေဒေသအရောက် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟားခါး−ဂန့်ဂေါလမ်းတွင် မော်တော်ယာဉ်တစ်စီး အရှိန်လွန်မောင်းနှင်ရာမှ ပေ(၅၀၀)ခန့် ချောက်ထဲသို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွား
Sep 17,2020
ချင်းပြည်နယ် ဟားခါးမြို့မှ (၁၃)မိုင်ခန့်အကွာ ဟားခါး−ဂန့်ဂေါလမ်းတွင် ဂန့်ဂေါမှ ဟားခါးသို့ ထွက်ခွာ လာသော ခြောက်ဘီးကား အဖြူရောင်ယာဉ်သည် ယမန်နေ့ နံနက် ၁၁ နာရီ အချိန်ခန့်က ယာဉ်အရှိန်လွန် မောင်းနှင်ရာမှ ပေ(၅၀၀)ခန့်ချောက်ထဲသို့ ထိုးကျတိမ်းမှောက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နောင်မွန်မြို့နယ်၌ ကဆန်ချောင်းအတွင်း လူတစ်ဦးမျောပါမှုဖြစ်ပွား
Sep 17,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်၌ ယနေ့နံနက် ၅ နာရီခွဲခန့်အချိန်တွင် လမ်းဦးစီးဌာနရုံး နောက် ကဆန်ချောင်းအတွင်း လူတစ်ဦးမျောပါသွားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြင်စလူမြို့ ဆေးရုံသို့ အောက်စီဂျင်ဘူးများ လှူဒါန်း
Sep 17,2020
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့ဆေးရုံသို့ မဂ်လာသိဒ္ဓိ ကျောင်းတိုက်ဆရာတော် အရှင်အာနန္ဒာနှင့် နာမကျမ်းကူညီရေးအဖွဲ့ ကိုသန်းဇော်+မသီတာထွေး၊ (ကိုသိန်းထွန်း)+မမဖြူ တို့မှ အောက်စီဂျင်ဗူး (၁၀)ဗူးအား ယနေ့ နံနက် ၉ နာရီအချိန်က သွားရောက်လှူဒါန်း ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
188
Page
189
Page
190
Page
191
Current page
192
Page
193
Page
194
Page
195
Page
196
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department