ဝေးလံခေါင်ဖျားဒေသသတင်းများ

Sep 17,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်အတွင်း မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့် ယမန်နေ့ နံနက် ၇ နာရီခန့်ကစ၍ ကဆန်ချောင်း ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သည်။
Sep 17,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ် လုံမောင်ခန်းမ၌ စက်တင်ဘာ(၁၅)ရက်နေ့ နံနက် ၁၀ နာရီခန့်က ရွေးကောက်ပွဲ ကာလအတွင်း ကိုဗစ်-၁၉ရောဂါ နှင့်ပတ်သက်သည့် ရှောင်ရန်/ဆောင်ရန် အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့သည်။
Sep 17,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ် နိုင်ရေးအတွက် ကျေးလက် ကျန်းမာရေးဌာနက ဖာကေကျေးရွာအုပ်စုရှိ ကျေးရွာများသို့ အသိပညာပေး နှိုးဆော် ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ဝိန်းမွန်ကျေးရွာမှစ၍ စတင်ဆောင်ရွက် ကြောင်း သိရသည်။
Sep 17,2020
ချင်းပြည်နယ်၊ မတူပီမြို့၌ ကိုဗစ်−၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အချိန်မီကုသနိုင်ရေးအတွက် ပြည်တွင်းပြည်ပမှ ပြန်လာသူများကို မတူပီမြို့ မိုးလုံလေလုံ အားကစားရုံ၌ Facility Quarantine ခံယူ လျက်ရှိကြရာ ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင် မြို့နယ်အဆင့် ကိုဗစ်−၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်နှင့် ကော်မတီဝင်များ လိုက်ပါလာလျက် မိုးလုံလေလုံ အားကစားရုံ၌ Facility Quarantine ဝင်နေသူများအား ကြည့်ရှုအားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
Sep 17,2020
ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့ အ.ထ.က ကျောင်းတွင် ကန့်သတ် စောင့်ကြည့်ထားသော ရန်ကုန်မှ ပြန်လာသူများထံမှ
Sep 16,2020
ချင်းပြည်နယ်၊ တွန်းဇံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး အတွက် မြို့အဝင်/အထွက်ဂိတ်အား ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ(၁၅)ရက်နေ့မှ စတင်၍ အချိန်တိုးမြှင့် ဆောင်ရွက်လျက်ရှိသည်။
Sep 16,2020
ချင်းပြည်နယ်၊ တီးတိန်မြို့၌ တရားမဝင်တင်သွင်းရောင်းချနေသည့် နိုင်ငံခြားအရက်အမျိုးမျိုးတို့ အပေါ် အခွန်အမှတ် တံဆိပ် ကပ်နှိပ်ရောင်းချစေခြင်း လုပ်ငန်းဆောင်ရွက်ခြင်းကို ယနေ့ နေ့လယ် ၁၁ နာရီခွဲက တီးတိန်မြို့နယ် အခွန်ဦးစီးဌာနမှူးရုံး၌ ပြုလုပ်သည်။
Sep 16,2020
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလအတွင်း ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေးနှင့်