ဝေးလံခေါင်ဖျားဒေသသတင်းများ

Sep 18,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်၍ နေ့စဉ် ကျန်းမာရေးစစ်ဆေးမှု လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့ နေ့လယ် (၂) နာရီအချိန်က ဘောလခဲခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ခရိုငအုပ်ချုပ်ရေးမှူး ဦးသိန်းအောင်နှင့် ခရိုင်၊ မြို့နယ်အဆင့် ကော်မတီဝင် များက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Sep 18,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်၍ ကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများကို နေ့/ည စစ်ဆေးဆောင်ရွက် လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ပူးပေါင်းစစ်ဆေးရေးဂိတ်သို့ လက်ဆေးဘေစင်နှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
Sep 18,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ပြည်ပနှင့် ပြည်တွင်းရှိ အခြားမြို့နယ်များမှ နေရပ်သို့ပြန်လည်ရောက်ရှိလာသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ စောင့်ကြည့်စစ်ဆေးရန် အတွက် မြို့နယ်မနောကွင်းအတွင်းရှိ ခန်းမ၌ (၂၁)ရက်ကန့်သတ်ထားရှိလျက်ရှိရာ
Sep 18,2020
ချင်းပြည်နယ် Coronavirus Disease 2019 ( COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ လမ်းညွှန်မှုနှင့်အတူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်များ နှင့်အညီ ဟားခါးမြို့နယ်အတွင်း ပြည်တွင်းမှ ပြန်လည်ရောက်ရှိလာပြီး Facility Quarantine ၁၄ ရက်ပြည့်သူ ၅ ဦးအား ရောဂါပိုးမတွေ့ရှိရသဖြင့် ယနေ့နံနက် ၉ နာရီခွဲအချိန်က ဟားခါးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေး လုပ်ငန်းကော်မတီဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးနှင့် ကော်မတီဝင်များက ပြန်လည်စေလွှတ် ခဲ့ကြောင်း သိရသည်။
Sep 18,2020
အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန(ရုံးချုပ်)မှ ပေးပို့ထောက်ပံ့သည့် လက်ကိုင်စပီကာများအား ဟားခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက ရပ်၊ကျေး အုပ်ချုပ်ရေးမှူးများအား ဖြန့်ဝေ ပေးအပ်ခြင်းကို ယမန်နေ့က ဟားခါးမြို့၊ မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Sep 18,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်း ကော်မတီ၏ ကြိုတင်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Sep 18,2020
ဟားခါးမြို့တွင် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ရောဂါကူးစက်ပျံ့နှံ့ရန် လွယ်ကူသည့် နေရာများ ဖြစ်သည့်အတွက် ဘုန်းတော်ကြီးကျောင်းများနှင့် Church ကျောင်းများတွင် ဉပုသ်သီလ ဆောက်တည်ခြင်းနှင့် ဝတ်ပြုဆုတောင်းခြင်းများကို Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ညွှန်ကြားချက်၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ စံသတ်မှတ်ချက်များ နှင့်အညီ စက်တင်ဘာလ ၁၆ရက်နေ့ မှစ၍ ယာယီ ရပ်ဆိုင်းထားကြောင်း သိရသည်။
Sep 18,2020
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုဝင်များအတွက် နိုင်ငံတော်မှတတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီခွဲ အချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးနှင့် တာဝန်ရှိသူများက ဟားခါးမြို့၊ မြို့ဟောင်းရပ်ကွက်နှင့် စျေးဟောင်း ရပ်ကွက်များသို့ သွားရောက်၍ တစ်အိမ်တက်ဆင်း ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ် လျက်ရှိကြောင်း သိရသည်။