လိုင်လင်းပီ စက်တင်ဘာ ၁၇
ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့၌ ကိုဗစ်-၁၉ ရောဂါကူစက်ခံရမှု မရှိစေရေးနှင့် အချိန်မီ ကာကွယ်ထိန်းချုပ်နိုင်ရေး ရည်ရွယ်ချက်တို့ဖြင့် ညမထွက်ရ ဒေသန္တရအမိန့်ကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ(၁၅)ရက်နေ့က မတူပီမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ ရုံးအမိန့်စာအမှတ် (၁၃/၂၀၂၀)ဖြင့် ထုတ်ပြန်ကြေညာခဲ့ရာ အဆိုပါ အမိန့်စာအား အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန်အတွက် လိုင်လင်းပီမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်လျက်ရှိ သည်။
အဆိုပါညမထွက်ရ ဒေသန္တရအမိန့် ထုတ်ပြန်ကြေညာခြင်းကို စက်တင်ဘာလ(၁၅)ရက်နေ့မှ နေ့စဉ် ည(၁၂)နာရီမှ နောက်တစ်နေ့ နံနက်(၄)နာရီအထိဖြစ်ပြီး အမိန့်ထုတ်ပြန်သည့် နေ့မှစ၍ (၂)လ အတည်ဖြစ်ကြောင်းနှင့် ဒေသန္တရအမိန့် ထုတ်ပြန်ကြေညာခြင်း သည် အများပြည်သူအကျိုးအတွက် ရည်ရွယ်ထုတ်ပြန်ခြင်းဖြစ်ခြင်းကြောင့် လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲဥပဒေအရ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သိရသည်။
ယာကမ် (ပြန်/ဆက်)